Episode (4)

249 53 37
                                    

" ခင်ဗျားရဲ့လက်ကိုပုတ်ချလိုက်လို့ မကျေမနပ်ဖြစ်နေတာ...မဟုတ်လား ၊ ခင်ဗျားလဲ ကျွန်တော့်လက်ကို အဲဒီတုန်းကလိုမျိုးပြန်ပုတ်ချလိုက် ၊ ဒါမှမဟုတ် မျက်နှာကိုဖြစ်ဖြစ် ထိုးချင်ရင်လဲရတယ် ၊ ဒီနေရာကလူနည်းနည်းရှင်းတယ်ဆိုတော့ ဗဟိုလမ်းဘက်မှာ ထိုးချင်လဲထိုး... အဲဒါထက်ပိုပြီးလုပ်ချင်တယ်ဆိုရင်တော့ ခင်ဗျားရဲ့ဆိုင်ကို ကျွန်တော်လာခဲ့ပေးမယ် "

တစ်လတိတိကြာချိန်မှာ သူ့ဘက်က ကျွန်တော့်မျက်နှာကိုတည့်တည့်ကြည့်လို့ တစ်ခွန်းချင်းစီပြောတဲ့စကား ။ အသံကုသိုလ်ကောင်းလိုက်တာလို့  နောက်တစ်ကြိမ်တွေးမိအောင်ထိ သူ့အသံကနားထောင်ကောင်းနေတယ် ။

စိတ်ရှုပ်နေမှန်းသိသာအောင်ကို သူ့မျက်ခုံးတွေကစုကျုံ့လို့ ။ ဝတ်နေကျပုံစံ ၊ ကိုင်နေကျထီး ၊ ခပ်တည်တည်မျက်နှာထားနဲ့ သူ့ကို စက္ကန့်တချို့ကုန်သွားချိန်ထိ ငေးမောကြည့်နေမိပြန်ကော ။

သူ့မျက်နှာကျက သိပ်ပြီးယောက်ျားဆန်တာပဲ ။

နှစ်ယောက်ကြားအကွာအဝေးကလဲ သုံးပေလောက်ပဲရှိမယ်ဆိုတော့ သူ့မျက်နှာအစိတ်အပိုင်းအားလုံးက ထင်ထင်ရှားရှား ။ သိပ်အချောစားကြီးမဟုတ်ပေမဲ့ ဘယ်အရာတွေက သူ့ကိုကြည့်ကောင်းသွားစေတာပါလိမ့် ။ ပုံဖော်ထားသလိုမျိုးထင်းနေတဲ့ မျက်ခုံးတစ်စုံကြောင့်များ ကြည့်ကောင်းနေတာလား ။ ဒါမှမဟုတ် မနိမ့်မမြင့်တည်ရှိနေတဲ့ နှာတံကြောင့်လဲ ဖြစ်နိုင်တာပါပဲ ။

" ခင်ဗျား ကျွန်တော့်ကို ဘာပြန်လုပ်ချင်လဲ "

ကျွန်တော့်ဆီကနေ အဖြေစကားမရတော့ သူ့စိတ်တွေကပိုမကြည်ပုံ ။ ခက်တာက သူပြောတဲ့အချက်တစ်ချက်ကိုမှ လောလောဆယ်မလုပ်ချင်ဘူး ။ အခု သူ့နှုတ်ခမ်းတွေကိုပဲ မွတ်မွတ်သိပ်သိပ်နမ်းပစ်လိုက်ချင်တာ ။ လွန်ခဲ့တဲ့တစ်လကျော်အချိန်တုန်းက ရဖူးခဲ့တဲ့ အထိအတွေ့တချို့ ပြန်လှုံ့ဆော်တော့ ခန္ဓာကိုယ်ထဲမှာ မရိုးမယွနဲ့ ။

" ကောင်းပြီ...ကျွန်တော် ခင်ဗျားကိုအခွင့်အရေးပေးတယ်နော် ၊ မယူဘူးဆိုတော့လဲ ကျွန်တော့်ဘက်ကပြောစရာမရှိတော့ဘူး ၊ ကျေးဇူးပြုပြီး ခင်ဗျား ကျွန်တော့်ကို ထပ်မနှောင့်ယှက်ပါနဲ့ ၊ ကျွန်တော့်သိက္ခာကို ဘာကြောင့်မှထိခိုက်မခံနိုင်ဘူး "

ထင်း (Ongoing) Where stories live. Discover now