Episode (20)

232 42 13
                                    

Unicode

ကျွန်တော်နဲ့ထင်းရဲ့ကြားမှာ ခြားထားတဲ့စည်းက  ထင်ထားတာထက်ကို ပိုကြီးမားနေတယ် ။ သေချာစဉ်းစားကြည့်မယ်ဆိုရင် ထင်းနဲ့ပတ်သက်တာတွေကို ဘာမှရေရေရာရာမသိခဲ့ရဘူး ။ ထင်းရဲ့မွေးရပ်ဇာတိ ၊ မိသားစုအကြောင်း ၊ ရည်မှန်းထားတဲ့အနာဂတ်အကြောင်းတွေကို သိချင်ပေမဲ့ မသိခဲ့ရ ။

ထင်းက ကျွန်တော့်အပေါ်မှာ အငြိုးအတေးများရှိနေလားမသိဘူး ။ နှလုံးသားတည့်တည့်ကို မမြင်ရတဲ့ဓားနဲ့ထိုးချလိုက်တာ ရှောင်တိမ်းဖို့တောင်အချိန်မရခဲ့ ။ ခြောက်လက်မရှည်တဲ့ဓားထက် သုံးလက်မရှည်တဲ့လျှာက ပိုကြောက်ဖို့ကောင်းတယ်ဆိုတာကို လက်တွေ့သိလိုက်ရတာပါ ။

ထင်းက မိန်းကလေးတစ်ယောက်နဲ့အတူတူ အနာဂတ်ရည်မှန်းချက်ကိုပုံဖော်ဖို့ကြံရွယ်နေချိန် ကျွန်တော်ကတော့ အနာဂတ်ပျောက်သွားခဲ့ပြီ ။ ကျွန်တော် ထင်းရဲ့မျက်နှာကိုစေ့စေ့ကြည့်ပြီး အဲဒီမိန်းကလေးနဲ့ဘာတွေလုပ်ကြမှာလဲလို့ မေးကြည့်ချင်ပေမဲ့ ထင်းပြန်ပြောမဲ့အဖြေစကားကို  နားထောင်ဖို့ ခွန်အားမရှိခဲ့ဘူး ။

ဆုံးသွားပြီဖြစ်တဲ့ ကျွန်တော့်အဘွားကို သိပ်သတိရတာပါပဲ ။ ကျွန်တော် နှစ်နှစ်ကာကာချစ်မိလိုက်တဲ့ ဗမာကောင်လေးရဲ့စိတ်ဓာတ်က ဂျပန်လူမျိုးတွေရဲ့စိတ်ဓာတ်လို မာကျောအေးစက်နေကြောင်းကို တိုင်တောပစ်ချင်တယ် ။

ကျွန်တော့်အနားကထွက်သွားတော့မဲ့အကြောင်းကို အမူအရာနဲ့ဖြစ်ဖြစ် ၊ စကားလုံးနဲ့ဖြစ်ဖြစ် လုံးဝအသိမပေးခဲ့ဘူး ။ သူနဲ့ဟိုမိန်းကလေးစကားပြောနေတာကို မကြားခဲ့ရဘူးဆိုရင် ကျွန်တော်တို့ရဲ့အိမ်မှာ ထင်းမရှိတော့မှသာ ထွက်သွားပြီဖြစ်ကြောင်းကိုသိရမှာ ။

အဲဒီလိုမျိုးလုပ်လို့ရသလားလို့ စ်ိတ်ထဲအကြိမ်ကြိမ်မေးခွန်းထုတ်မိပေမဲ့ ထင်းကတော့ လုပ်နိုင်တာပဲလို့ ပြန်ဖြေမိပြန်တယ် ။ ပထမဆုံးတွေ့တဲ့အချိန်ကစပြီး အခုအချိန်ထိ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့အဖြစ်အပျက်တွေကို ပြန်ပြောင်းတွေးမိရင် အရာရာကို ကျွန်တော်ကသာ အစပြုခဲ့တာပါ ။

ထင်း (Ongoing) Where stories live. Discover now