Episode (25)

217 42 12
                                    

Unicode

" ဟာ ...မိုက်တယ်...မိုက်တယ် ၊ ငါ့idolလေးကဗီဒီယိုတွေပါ တင်ပေးနေပြီပဲ ၊ ယုကီကလေ ချောကိုချောတာဟ ၊ ဓာတ်ပုံထဲမှာလဲချောတယ် ၊ ဗီဒီယိုထဲကျပိုတောင်ချောသေး "

" လူတွေကလေ တစ်ဖက်သားကို ဘာဖြစ်လို့နှိမ့်ချချင်ကြတာလဲ မသိဘူး ၊ သူ့ဘာသာဂေးဖြစ်တော့ကော ဘာဖြစ်လဲ ၊ အဲဒီဂေးက သူ့နယ်ပယ်မှာဆရာကြီးဖြစ်နေတာကိုကျ မမြင်ကြဘူး "

" ငါထင်တယ်...ငါထင်တယ် ၊ ဒီမော်ဒယ်လ်ကောင်လေးနဲ့ ယုကီနဲ့တွဲကြတော့မယ်လို့ ထင်နေတာ တကယ်တွဲကြပြီပဲ "

" ဂျပန်လူမျိုးတွေက တကယ်ကို မျက်လုံးလှကြတာနော် ထင်း ၊ ယုကီရဲ့မျက်လုံးလေးတွေဆိုလဲ သိပ်လှတာပဲဟာ ၊ မျက်သားလေးတွေဆို ဖြူဖွေးကြည်လင်နေတာပဲ "

" မိုက်လိုက်တာဟာ ၊ ယုကီအတွက် fanpageတွေတောင်ရှိလာပြီဆိုတော့ ရှေ့လျှောက်ပိုနာမည်ကြီးတော့မှာပဲ "

အခုရက်အတွင်း နီနီ့ဆီကကြားလာရတဲ့ ယုကီရဲ့အကြောင်းတွေပါ ။ နီနီ့ပါးစပ်က အဲဒီလူရဲ့နာမည်ထွက်လာတိုင်း ကျွန်တော့်စိတ်တွေမကြည်လင်တော့ဘူး ။ ကျွန်တော် သူ့အကြောင်းတွေကို မကြားချင်ဘူး ။ ခက်တာကဘာလဲဆိုရင် အဲဒီလူကို နီနီကသဘောကျနေခဲ့တယ် ။ Idolတစ်ယောက်လိုမျိုးသဘောကျတာပါလို့ နီနီ ဘယ်လောက်ပဲပြောပြောသဘောကျတာက သဘောကျတာပဲလေ ။ သူသဘောကျနေတဲ့လူကို ကျွန်တော် သဘောမကျကြောင်းပြောလိုက်ချင်ပါရဲ့ ။ ကျွန်တော် အဲဒီလိုပြောလိုက်ရင် နီနီက ဘာဖြစ်လို့သဘောမကျတာလဲလို့ ပြန်မေးလာနိုင်တယ် ။

ကျွန်တော်မေးခွန်းတွေကိုကြောက်တယ် ။ အဖြေမရှိတဲ့မေးခွန်းတွေဆိုရင် ပိုပြီးကြောက်မိရဲ့ ။

" ငါ့မှာအချိန်မရှိလို့ဟာ ၊ အချိန်လေးသာနည်းနည်းပိုကြည့် ၊ fanpageထောင်ပြီး အစွမ်းကုန်ပံ့ပိုးပေးပစ်မှာ ၊ အခုတော့ ဟိုသွားမဲ့ကိစ္စတွေနဲ့ပဲ အချိန်ကုန်နေရတယ် "

သည်းခံထားသမျှက နီနီ့စကားတစ်ခွန်းတည်းနဲ့ ပေါက်ကွဲသွားရတယ် ။ နီနီ့မျက်လုံးတွေကိုသေချာစိုက်ကြည့်လိုက်ပြီး

" တန်လို့လား "

" ဟင်...ဘာလဲ "

" နင့်အချိန်တွေကို သူ့အကြောင်းပြောဖို့သုံးလိုက်ရတာ တန်လို့လား "

ထင်း (Ongoing) Where stories live. Discover now