Episode (9)

217 51 27
                                    

" ကိုယ်စောင့်နေတာ ကြာနေပြီ "

ထင်း အခန်းထဲဝင်ဝင်လာချင်း ကျွန်တော် ပြောလိုက်မိတဲ့စကား ။ ကျွန်တော့်ရဲ့အသံက နည်းနည်းတော့ အီစီကလီသံဖြစ်နေမှာပါ ။ ထင်းရဲ့မျက်ခုံးတွေကအပေါ်ဘက်ကိုတက်သွားသလို လက်မှာပတ်ထားတဲ့နာရီကိုလဲ ငုံ့ကြည့်လိုက်ပြီးမှ ကျွန်တော့်ကိုပြန်ကြည့်ပုံက အချိန်ကွက်တိရောက်လာကြောင်း အသံတိတ်ပြောပြနေသလို ။

ထင်းက သူ့ပုံစံအတိုင်း လွယ်ထားတဲ့ကျောပိုးအိတ်ကိုဖြုတ်ပြီး ဘေးဘက်ကခုံအလွတ်မှာတင် ၊ တစ်ရှူးတစ်ရွက်ကိုလှမ်းယူပြီး မျက်နှာအနှံ့ကိုလဲ မြန်မြန်ဆန်ဆန်သုတ်တယ် ။ လုပ်စရာရှိတာတွေကို သွက်သွက်လက်လက်လုပ်နေပေမဲ့ ကျွန်တော့်ကိုတော့ အခုထိစကားတစ်ခွန်းမပြောသေးဘူး ။ ထင်းက အဲဒီလိုမျိုးဥပေက္ခာပြုလေ ၊ ကျွန်တော်ကပိုပြီးအရောဝင်ချင်လေပဲ ။

" ထင်း "

" ပြောပါ "

ထင်းက ကျွန်တော့်ကိုစကားပြောရင် အခုလိုမျိုးသံပြတ်နဲ့ပဲပြောတတ်တယ် ။ ကျွန်တော့်ကိုမို့ အဲဒီလိုပြောလေသလား ၊ ဒါမှမဟုတ် ထင်းရဲ့ပြောဆိုပုံက ပုံမှန်ဆိုရင်ကော ဒီအတိုင်းပဲလားဆိုတာကို တော်တော်ကြီးသိချင်နေပါပြီ ။

" မနက်ကဘာစားခဲ့လဲ "

" ထမင်း "

" ဟင်...ထမင်းတစ်မျိုးတည်းလား "

ရင်ဘတ်ကိုဖိပြီး အလွန်အမင်းအံ့သြဟန်နဲ့ပြောလိုက်တော့ ထင်းက ကျွန်တော့်ကိုမျက်လုံးလှန်ကြည့်လာခဲ့တယ် ။ ထမင်းတစ်မျိုးတည်းစားလို့မရတာကို ကျွန်တော်သိတာပေါ့ ။ ထင်းနဲ့ စကားများများပြောချင်လို့ကို အကြောင်းရှာလိုက်တာပါ ။

" ကြက်သားနဲ့ "

" သြော်...တော်သေးတာပေါ့ ၊ ကိုယ်က ထင်း ထမင်းတစ်မျိုးတည်းစားလာတာလားဆိုပြီး စိတ်ပူသွားတာကွာ "

" . . . "

" တစ်ခုခုတော့သောက်နော် ၊ ကိုယ် ထင်းအတွက်ပါ အအေးမှာထားတယ် "

" ကျွန်တော် ရယ်ဒီမိတ်တွေ မသောက်ဘူး "

" ရယ်ဒီမိတ်မဟုတ်ပါဘူးကွာ ၊ အသီးအစစ်နဲ့ဖျော်ထားတဲ့ စပယ်ရှယ်အအေးပါ "

ထင်း (Ongoing) Where stories live. Discover now