Episode (14)

192 49 24
                                    

Unicode

" အသိတစ်ယောက်က သူ့ပါတီကိုဖိတ်ထားလို့လေ ၊ အဲဒါ ကိုယ်သွားရမလား ထင်း "

ခွင့်တောင်းစရာမလိုဘူးဆိုပေမဲ့ ခွင့်တောင်းချင်တဲ့စိတ် ။ နောက်ပြီးတော့ ထင်းရဲ့ဆီကလာမဲ့တုံ့ပြန်မှုကို သိချင်တာလဲ ပါတာပေါ့ ။ ထင်းရဲ့ဘက်က ခဏလေး အသံတိတ်သွားတဲ့အခါ ကျွန်တော့်ရဲ့နှလုံးခုန်သံကလဲ တဒိန်းဒိန်းနဲ့ ။ ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လို့

" ဟင်...ကိုယ်သွားလိုက်ရမလား "

" အင်း "

ထင်းက " အင်း "တစ်လုံးတည်းနဲ့ ဘာသိဘာသာတုံ့ပြန်ပေမဲ့ ကျွန်တော့်ရဲ့မျှော်လင့်ချက်လေးကတော့ ရေထဲရေသွန် ။ တားလိုက်စေချင်တာ ၊ ဟင့်အင်းလို့တစ်ခွန်းတည်းပြောလိုက်တာနဲ့ လာဖိတ်တဲ့သူက ဘယ်လိုနောက်ခံပဲရှိရှိ ရတဲ့နည်းနဲ့ငြင်းဖို့ကိုဆုံးဖြတ်ထားပြီးသား ။

" ကိုယ့်ကိုစိတ်မပူဘူးလား "

" ဘာကိုလဲ "

" တစ်ယောက်ယောက်က ကိုယ့်ကိုတစ်ခုခုလုပ်လိုက်မှာကိုပေါ့ "

သက်ပြင်းချသံတိုးတိုးက နားထဲကိုစီးဝင်လာတယ် ။ ကျွန်တော်ကတော့ မပြည့်နိုင်တဲ့လောဘတွေကို ထွေးပိုက်ထားရင်းပေါ့ ။

" အရွယ်ရောက်နေသူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရမှာပေါ့ ယုကီ "

" ဒါပဲလား...ပြောစရာက ဒါပဲရှိတာလား ထင်း "

လက်မလွှတ်နိုင်တဲ့ မျှော်လင့်ချက်တွေပါ ။ ထင်းဆီကနေ ကျွန်တော်မျှော်လင့်နေတဲ့စကားလေး ကြားရလိုကြားရငြား ရင်တထိတ်ထိတ်နဲ့ စောင့်နေခဲ့ပေမဲ့

" ကျွန်တော်စာဖတ်စရာရှိသေးလို့ ပြောစရာမရှိတော့ရင် ဖုန်းချလိုက်တော့မယ် "

အတက်အကျမရှိဘဲပြောလာတဲ့ ထင်းရဲ့စကားတွေက ကျွန်တော့်နှလုံးသားကို ပူလောင်စေပါတယ် ။ အမှတ်မရှိတဲ့ ကိုယ့်ကိုယ်ကိုယ် အမြင်ကတ်မိတဲ့အချိန် ။ ဘယ်လောက်အငြင်းခံရပါစေ ...အရှက်မရှိဘဲ ထပ်တလဲလဲတောင်းဆိုနေတတ်တဲ့ ပါးစပ်ကိုသာ ဖြတ်ရိုက်လိုက်ချင်ပြီ ။

ထင်း (Ongoing) Where stories live. Discover now