Episode (11)

264 54 34
                                    

ထင်းက တစ်ခန်းတည်းရှိတဲ့အိပ်ခန်းရှေ့မှာ  အတန်ကြာအောင်ရပ်နေခဲ့တယ် ။

" လောလောဆယ် ဒီအခန်းပဲရှာတွေ့လို့ ရှိတာလေးပဲ ယူထားလိုက်ရတယ် "

မျက်နှာပြောင်ပြောင်နဲ့ပြောလိုက်မိတဲ့အခါ ထင်းက နောက်ဘက်ကိုခေါင်းစောင်းပြီးကြည့်လာကော ။ မယုံဘူးဆိုတာကို ထင်းရဲ့မျက်နှာထားကသက်သေပြနေရဲ့ ။ ဒါပေမဲ့ စကားနည်းတဲ့ ထင်းက ခြျိုတယျ ၊ ခါးတယ်မပြောဘဲ အခန်းတံခါးကိုတွန်းဖွင့်ပြီးအထဲဝင်သွားတဲ့အခါ ကျွန်တော်လဲနောက်ကနေ အသာလေးလိုက်ဝင်သွားမိတယ် ။

ထင်းရဲ့မျက်လုံးတွေက နှစ်ယောက်အိပ်ခုတင်ကြီးဆီမှာ စူးစူးစိုက်စိုက် ။ ဘာရယ်မဟုတ် ကျွန်တော်လဲ ခုတင်ဆီကိုခဏတစ်ဖြုတ်ကြည့်လိုက်မိတဲ့အခါ ဆယ်ကျော်သက်လူငယ်လေးလိုမျိုး ရင်ဘတ်ထဲမှာလှိုက်ဖိုတုန်ယင်လို့ ။

" ခုတင်နှစ်လုံးဆိုရင် အခန်းကျဉ်းသွားမှာစိုးလို့ပါ "

" ကျွန်တော်တို့ စကားပြောကြရအောင် "

ခပ်ပြတ်ပြတ်စကားတစ်ခွန်းနဲ့အတူ ထင်းက အခန်းထဲကနေပြန်ထွက်သွားတဲ့အခါ ကျွန်တော်လဲ ခေါင်းတစ်ချက်ခါရင်း နောက်ကနေလိုက်သွားမိတယ် ။ ဒီကောင်လေး ကျွန်တော့်ကို ဘာတွေများ ရှေ့ဆောင်လမ်းပြလုပ်အုံးမှာပါလိမ့် ။

ထင်းက ဧည့်ခန်းထဲမှာထားထားတဲ့ နှစ်ယောက်ထိုင်ဆိုဖာခုံရဲ့ဘေးဘက်မှာကပ်ထိုင်နေတယ် ။ ကျွန်တော် သူ့အသားကိုမထိမိအောင် ကြိုရှောင်ထားတဲ့သဘော ။ ထင်း အဲဲဒီလိုလုပ်လေ ကျွန်တော်က ပိုပြီးထိတွေ့ချင်လေပဲ ။ ခပ်တည်တည်နဲ့ပဲ ထင်းရဲ့ဘေးမှာကပ်ထိုင်လိုက်တော့ ထင်းက ကျွန်တော့်ကို မျက်လုံးထောင့်ကပ်ပြီးကြည့်လာခဲ့တယ် ။

" ဘာပြောဖို့လဲ ထင်း "

" ဒီအခန်းက တစ်လဘယ်လောက်လဲ "

အဲဒါမှဒုက္ခ ။ တိုက်ခန်းတစ်ခန်းရဲ့လက်ရှိငှားရမ်းခက ဘယ်လောက်ဖြစ်နေမလဲကို ကျွန်တော်တကယ်မသိဘူး ။ အခုခေတ်ကုန်စျေးနှုန်းနဲ့ဆိုရင် တစ်လ ဘယ်လောက်ဖြစ်နေမှာပါလိမ့် ။ နှစ်သိန်းလား...သုံးသိန်းလား ။

ထင်း (Ongoing) Where stories live. Discover now