Episode (19)

195 44 20
                                    

Unicode

နေမကောင်းတဲ့သူကိုပြုစုရတာ မလွယ်လှဘူး ။ စိတ်ကောလူပါပင်ပန်းလှပြီး တစ်ဖက်လူက ကိုယ်သိပ်ချစ်ရတဲ့သူဖြစ်နေရင် ပိုပင်ပန်းပြီ ။ အဓိကစိတ်ပင်ပန်းတာပါ ။ ကျွန်တော့်အမေလဲ နေမကောင်းဖြစ်တဲ့ကျွန်တော့်ကို အခုလိုမျိုးပူပန်ခဲ့မှာပဲ ။ လူတွေက သားသမီးရလာရင် မိဘတွေရဲ့ကျေးဇူးကို ပိုမြင်တတ်လာတယ်လို့ပြောကြတယ် ။ ကျွန်တော်လဲ သားသမီးမရှိသေးပေမဲ့ နေမကောင်းဖြစ်နေတဲ့ထင်းကိုကြည့်ပြီး အဝေးတစ်နေရာက မိဘနှစ်ပါးလုံးကို အရင်ကထက်ပိုသတိရနေခဲ့တာပါ ။

ဆရာဝန်ပြောသွားသလိုပဲ ထင်းရဲ့အဖျားက သိသိသာသာ သက်သာသွားသလို ခန္ဓာကိုယ်မှာလဲချွေးတွေနစ်လို့ ။ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့အောက်ပိုင်းဆိုရင် အပေါ်ပိုင်းကချွေးပိုထွက်နေတယ် ။ အင်္ကျီသုံးထည်လဲပြီးတဲ့နောက် ချွေးထွက်နည်းသွားသလို ထင်းဆီကညည်းသံကိုလဲ မကြားရတော့ဘူး ။ အဲဒီတော့မှ ကျွန်တော့်ကိုဖိစီးထားတဲ့ လေးလံမှုတွေက သက်သာသွားခဲ့တယ် ။

လက်နှစ်ဖက်ကိုအပေါ်မြှောက်ပြီး အားရပါးရအကြောဆန့်လိုက်ရင်း ထင်းရဲ့မျက်နှာကို အပေါ်ကအုပ်မိုးကြည့်မိတော့ မြတ်နိုးရမှုတွေကို အတောမသတ်နိုင် ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ထင်းကိုမြင်ရတာနဲ့ ကျွန်တော့်ရင်ခုန်သံတွေက သာမန်ထက်ပိုမြန်ဆန်လို့ ။ အိပ်ပျော်နေတဲ့ ထင်း နိုးသွားမှာစိုးလို့ အာဘွားပေးချင်စိတ်ကို ထိန်းချုပ်ရပြန်ကော ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ထင်းရဲ့မျက်နှာအနှံ့ကို ဖွဖွလေးနမ်းမွှေးချင်ပါရဲ့ ။

ထင်းက ကျွန်တော့်ရဲ့ ပျော်ရွှင်ခြင်း ...။

တစ်ညလုံးဟုတ်တိပတ်တိမအိပ်ရသေးတဲ့အတွက်  မျက်လုံးတွေကစပ်လာခဲ့တယ် ။ ထင်းလဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာဆိုတော့ ကျွန်တော် ခဏလောက်အိပ်ဖို့စဉ်းစားမိရင်း ဘေးဘက်မှာဖြည်းဖြည်းချင်းလှဲချလိုက်ချိန် ခေါင်းထဲကို အတွေးတချို့ဝင်ရောက်လာပါကော ။

သေချာပေါက် ထင်းနဲ့ပတ်သက်တဲ့အကြောင်းတွေပါ ။

တစ်ဖက်သတ်ချစ်ရတာထက်စာရင် နှစ်ကိုယ်တူအပြန်အလှန်ချစ်ရတာက အဆပေါင်းမရေတွက်နိုင်အောင် ပျော်စရာကောင်းမှာ ။ တစ်ဖက်ကပဲချည်တဲ့ကြိုးထက် နှစ်ဖက်စလုံး ချစ်ခြင်းအပြည့်နဲ့သာချည်မယ်ဆိုရင် တော်ရုံနဲ့မပြတ်နိုင်တဲ့ မေတ္တာတွေ ။

ထင်း (Ongoing) Tahanan ng mga kuwento. Tumuklas ngayon