Episode (1)

948 71 31
                                    

မှန်ချပ်တွေကတစ်ဆင့်မြင်ရတဲ့ ရန်ကုန်မြို့ရဲ့မိုးရာသီက အုံ့အုံ့မှိုင်းမှိုင်းဖြစ်နေသလို သွားလာလှုပ်ရှားနေတဲ့လူတွေကလဲ နောက်ကနေကျားလိုက်လာသလိုမျိုး ပြေးပြေးလွှားလွှား ။

မတော်တဆမိုးရွာလာရင် မိုးမိမှာကို စိုးရိမ်နေပုံရကြပေမဲ့ အလိုက်မသိတဲ့မိုးကတော့ သူ့စိတ်သဘောနဲ့သူ အချိန်မဆိုင်းဘဲရွာပါကော ။

ထီးပါတဲ့သူတွေက ထီးဖွင့်ဆောင်းကြပြီး ထီးမပါသူတွေကတော့ မိုးခိုလို့ရမဲ့နေရာဆီ ဒရောသောပါးပြေးနေကြတာကို ကျွန်တော်ကတော့ ဘာရယ်မဟုတ် ငေးကြည့်မိတယ်ပေါ့ ။

ကျွန်တော်က လမ်းမကြီးကိုငေးနေသလို ဆိုင်မှာရှိနေတဲ့ မိန်းကလေးတချို့နဲ့ ယောက်ျားလေးတချို့ကလဲ မသိမသာကော သိသိသာသာပါ ကျွန်တော့်ကိုကြည့်နေကြမှန်း မသိစိတ်ရဲ့လှုံ့ဆော်မှုအရသိပေမဲ့ မသိဟန်ဆောင်ထားလိုက်တယ် ။

ဒါမျိုးအခြေအနေက ကျွန်တော့်အတွက်တော့ သိပ်ပြီးမထူးဆန်းပါဘူး ။ ဆွတ်ဆွတ်ဖြူနေတဲ့အသားအရေ ၊ မော်ဒယ်တစ်ယောက်လိုမျိုး အဆီပိုမရှိဘဲ သွယ်လျနေတဲ့ခန္ဓာကိုယ်နဲ့ ပြစ်ချက်မရှိတဲ့မျက်နှာအစိတ်အပိုင်းတွေက လိင်တူ ၊ လိင်ကွဲနှစ်မျိုးလုံးကို ကောင်းကောင်းကြီးဆွဲဆောင်နိုင်တယ် ။ အထူးသဖြင့် တော်ရုံလူမဆိုးရဲတဲ့ အစိမ်းတောက်တောက်ဆိုးဆေးက ကျောလယ်ထိရှည်တဲ့ဆံနွယ်တွေပေါ်မှာနေရာယူထားပြန်တော့ မထိရက် ၊ မကိုင်ရက်စရာမျိုးလေးဖြစ်နေခဲ့မှာ ။

ကိုယ်ပိုင်ဆိုင်လဲဖြစ် ၊ ဒီနေ့ hairstylistလုပ်ပေးရမဲ့
မော်ဒယ်ကလဲ မနက်ဆယ့်တစ်နာရီကတည်းက ကျွန်တော့်ဆီလာသွားပြီဆိုတော့ လောလောဆယ်ဘာအလုပ်မှ လုပ်စရာမရှိဘူး ။ အဲဒီတော့ ဆိုင်ကိုလာတဲ့ဧည့်သည်တွေကိုပြုံးပြလိုက် ၊ တချို့ဓာတ်ပုံရိုက်ချင်တဲ့သူတွေကို ဓာတ်ပုံတွဲရိုက်ပေးလိုက်နဲ့ ပျင်းရိစရာကောင်းတဲ့အချိန်တွေကို ကုန်ဆုံးနေရချိန်...

" အေး... နီနီ ၊ ငါ အခုပဲရောက်တယ် ၊ ဆိုင်မှာတော့လူအများကြီးပဲဟ "

နားထဲကိုဝင်လာတဲ့အသံသြရှရှကြောင့် ခါးကိုဆန့်ပြီး အသံလာရာကိုအကဲခတ်မိသွားတယ် ။ တော်ရုံယောက်ျားမပိုင်ဆိုင်နိုင်တဲ့ အသံသြဇာကြောင့် သူ့ကို ကျွန်တော် စိတ်ဝင်စားမိတာပါ ။

ထင်း (Ongoing) Where stories live. Discover now