Episode (8)

230 46 28
                                    

ချစ်ခြင်းနဲ့ သဝန်တိုခြင်းက
ထပ်တူအချိုးကျပါသလား ...။
-
-
-

" စောင့်လိုက်ရတာကွာ "

ကျောက်ကျောနဲ့ရေညှိစပ်ကျထားတဲ့ အသံကြောင့် မျက်နှာမပျက်အောင်မနည်းထိန်းရတယ် ။ စီးပွားရေးလုပ်ပြီဆိုရင် မိတ်မပျက်အောင်လို့ တော်ရုံကိစ္စဆို အောင့်အည်းသည်းခံရတာပါပဲ ။ အထူးသဖြင့် အနုပညာလောကမှာ ပေါက်ပေါက်ရောက်ရောက်ရှိတဲ့လူမျိုးကို ပိုပြီးသည်းခံရတယ် ။ ကျွန်တော့်ဆိုင်မှာ ဝန်ဆောင်မှုယူတဲ့လူတွေထဲ အနုပညာရှင်တွေက အများအပြားလေ ။

" ကျွန်တော် အိပ်ရာထနောက်ကျသွားလို့ပါ "

လိုတိုရှင်းဖြေတော့ အဲဒီလူက ကျွန်တော့်ကို မယုံသလိုမျက်လုံးမျိုးနဲ့လှမ်းကြည့်ပြီး မျက်ခုံးကိုလဲဟန်ပါပါတွန့်တယ် ။

" ရှောင်တယ်ဆိုရင်ရှောင်တယ်ပေါ့ "

သူက ကျွန်တော့်အနားကိုတိုးကပ်ရင်း ရိသဲ့သဲ့ပုံစံမျိုးစကားပြောချိန် ဟန်မပျက်ရပ်နေရတာကိုပဲ စိတ်ပျက်နေပြီ ။ အဲဒီလူဆီကရနေတဲ့အမွှေးရနံ့ကြောင့်လဲ ပိုစိတ်ညစ်တယ် ။ အမွှေးနံ့ဘယ်နှမျိုးလောက်ကို စုပြီးသုံးထားတာလဲလို့ မေးပစ်ချင်စိတ်ကြောင့် နှုတ်ခမ်းကိုဖိကိုက်မိချိန် အဲဒီလူရဲ့တဏှာအကြည့်တွေက ကျွန်တော့်ရဲ့နှုတ်ခမ်းတွေဆီမှာ တဝဲလည်လည် ။

" အဟမ်း "

ချောင်းဟန့်လိုက်မှ အဲဒီလူက တဟဲဟဲရှက်ရယ်ရယ်တယ် ။ ပြီးကာမှ

" ယုကီသာမော်ဒယ်လုပ်ရင် သိပ်အောင်မြင်မှာပဲ ၊ ဘယ်လိုလဲစိတ်ဝင်စားလား ၊ စိတ်ဝင်စားတယ်ဆိုရင် ကိုယ်ကထိုးတင်ပေးမယ်လေ "

စကားထဲမှာကို အထာတွေအပြည့် ။ ကျွန်တော်ကသာ အီစီကလီရိုက်ချင်တာ ။ သူများကလာပြီး အဲဒီလိုမျိုးတွေပြောလာရင် အန်ချင်သလိုလို ၊ အော့ချင်သလိုလိုနဲ့ ။

" ကျေးဇူးတင်ပါတယ်ဗျာ ၊ ဒါပေမဲ့ ကျွန်တော့်အလုပ်လေးနဲ့ ကျွန်တော်ပဲကောင်းပါတယ် ၊ ဆံပင်ကေချိန်းမယ်ဆိုရင် ကျွန်တော်လုပ်ပေးမယ်လေ "

မြန်မြန်ပြီး ၊ မြန်မြန်ပြန် အေးကောဆိုတဲ့သဘောနဲ့ မေးလိုက်မိတော့ အဲဒီလူက ခေါင်းကိုခါပြီး

ထင်း (Ongoing) Where stories live. Discover now