Episode (7)

236 50 48
                                    

ရေအပြည့်ဖြည့်ထားတဲ့ ရေခွက်နှစ်ခွက်...
တင်းမာနေတဲ့မျက်နှာနဲ့ နွမ်းလျနေတဲ့မျက်နှာ...
စတော်ဘယ်ရီနံ့သင်းတဲ့လေထုတစ်ခု...

" ကိုကို ကျွန်တော့်ကို အဲဒီလိုမျိုးမရက်စက်ပါနဲ့ "

" ဇာတ်လမ်းကပြီးပြီးသားလေ အဲရစ်ရဲ့ ၊ ဘာဖြစ်လို့ အခုလိုမျိုးတွေနှောင့်ယှက်နေရတာလဲ "

" ကိုကို့ဘက်က တစ်ဖက်သတ်ပြီးလိုက်တာပါ ၊ ကျွန်တော်ကတော့ ကိုကို့ကို ဘယ်လိုမှလက်မလွှတ်နိုင်ဘူး "

" ကျစ် "

" ကျွန်တော် တောင်းပန်ပါတယ် ကိုကို ၊ ကိုကိုနဲ့ကျွန်တော်က ဒီအတိုင်းရိုးရိုးတွဲခဲ့ကြတာမှ မဟုတ်တာ ၊ ကျွန်တော် ကိုကို့ကိုချစ်လွန်းလို့ ကိုကို့အောက်မှာ ကြည်ကြည်ဖြူဖြူနေပေးခဲ့တာပါ ၊ အဲဒီအချစ်တွေက ဘာမှအဖိုးမတန်တော့ဘူးလား ကိုကို "

အဲရစ်ရဲ့အသံကတဖြည်းဖြည်းကျယ်လာသလို ကျွန်တော့်ရဲ့ခံနိုင်ရည်အားတွေကလဲ ဆုတ်ယုတ်လာပြီ ။ လာမတွေ့ဘူးဆိုရင် ဆိုင်ထိလိုက်လာမယ်လို့ ခြိမ်းခြောက်သလိုမျိုးပြောလာတဲ့အတွက် မဖြစ်မနေလာရတဲ့အခါ စိတ်တွေကလဲမကြည်သာ ။ ဘာဖြစ်လို့များ လူတွေက အရှက်မရှိတွယ်ကပ်ချင်ကြတာလဲ ။ တစ်ဖက်သားက မလိုချင်ဘူးဆိုတာကို ဘာဖြစ်လို့များ ဇွတ်တွယ်ကပ်ချင်တာပါလိမ့် ။

မလိုချင်ဘဲရတဲ့ အချစ်တွေက မွန်းကျပ်စရာပါ ။

မျက်နှာပေါ်ကျနေတဲ့ ဆံပင်တွေကို ကျွန်တော် သပ်တင်လိုက်တော့ အဲရစ်က ဆွေးဆွေးမြည့်မြည့်ပုံစံမျိုးနဲ့လှမ်းကြည့်တယ် ။

ရင်အေးသွားအောင် ရေနည်းနည်းသောက်လိုက်ပြီးမှ

" ပြောစရာရှိသေးလား အဲရစ် ၊ ပြောစရာရှိတာကို တစ်ခါတည်းပြောလိုက် "

" ကိုကို့ကို ကျွန်တော်ချစ်တယ် "

" ကိုယ်မှ မင်းကိုမချစ်တာ အဲရစ်ရဲ့ ၊ အစကတည်းက ကိုယ် မင်းကိုပြောခဲ့ပါတယ် ၊ အဆင်ပြေသလောက်ပဲတွဲကြမယ် ၊ ကိုယ်တို့နှစ်ယောက်ရဲ့ဆက်ဆံရေး အဆင်မပြေကြတာနဲ့ မတွေ့တော့ဘူးလို့ ပြောထားပြီးသား...မဟုတ်လား "

ထင်း (Ongoing) Where stories live. Discover now