Episode (26)

210 43 32
                                    

Unicode

သိစိတ်နဲ့မသိစိတ် အပြိုင်အဆိုင်လွန်ဆွဲတဲ့အချိန်တွေ ။ သိစိတ်ကဆက်မလုပ်နဲ့လို့တားနေသလို  မသိစိတ်ကတော့လုပ်ချင်တာကိုဆက်လုပ်ဖို့ တွန်းအားပေးနေခဲ့တယ် ။ YUKI SANဆိုတဲ့စာလုံးကိုရိုက်လိုက်တာနဲ့ ယုကီရဲ့ fb accက ချက်ချင်းပေါ်လာခဲ့သလို ကျွန်တော်ကတော့ ချိုမြမြပြုံးနေတဲ့ပုံကိုသာ စူးစိုက်ကြည့်နေမိတာပါ ။

အခုခေတ်မှာ ဓာတ်ပုံရိုက်တဲ့လူတိုင်းက effectတွေသုံးပြီးရိုက်ကြတဲ့အတွက် မချောမလှတဲ့လူဆိုတာ ခပ်ရှားရှား ။

ယုကီကိုသာ အပြင်မှာမတွေ့ဖူးခဲ့ရင် ဓာတ်ပုံစားလို့ချောတာလို့သာ သတ်မှတ်မိမှာ ။ နီနီ ယုကီရဲ့ပုံကိုပြတုန်းကလဲ အဲဒီလိုတွေးခဲ့မိသား ။ တကယ်တမ်း ဓာတ်ပုံထဲကယုကီက အပြင်လက်တွေ့ဘဝမှာရှိနေတဲ့ယုကီလောက် မချောလှပါ ။ ခဏလေးတွေ့လိုက်ရပေမဲ့ ၊ စက္ကန့်ပိုင်းလောက်သာအကြည့်ချင်းဆုံသွားပေမဲ့ အဲဒီအချိန်ခဏကို အခုထိ ကျွန်တော်မမေ့သေး ။

ကျွန်တော် ကိုယ့်ကိုယ်ကိုယ်လဲ အလိုမကျဖြစ်နေရပြီ ။ တစ်ခါတလေ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေက ထူးထူးဆန်းဆန်း ။ ကျွန်တော့်တိုက်ခန်းရဲ့မျက်နှာချင်းဆိုင်မှာနေတဲ့လူတွေကို ခဏခဏတွေ့ရပေမဲ့ သူတို့ရဲ့မျက်နှာသွင်ပြင်ကို ပုံဖော်ကြည့်တော့ မသဲမကွဲ ။ ဒါပေမဲ့ ယုကီရဲ့မျက်နှာနဲ့ ကိုယ်ဟန်လှုပ်ရှားမှုအားလုံးက ရုပ်ရှင်အနှေးပြကွက်တွေလို ကျွန်တော့်ဦးနှောက်ထဲမှာ ပိုင်စိုးနေရာယူလို့ ။

လွန်ခဲ့တဲ့နှစ်နာရီက တင်ထားတဲ့ပုံမှာ reactက ခုနစ်ထောင် ၊ ကွန်းမန့်က ငါးရာကျော်နဲ့ ။ မိန်းကလေးတွေသာမကဘဲ ယောက်ျားလေးငယ်ငယ်ချောချောတွေကပါ ဘယ်လိုသဘောကျပါကြောင်း စာစီဖွဲ့ကြတယ် ။ ပိုဆိုးတာက နီနီကျော်လင်းဆိုတဲ့အကောင့်နိမ်းက ထိပ်ဆုံးမှာပြူးလို့ ။ မနာလိုတာနဲ့ သဝန်တိုတာက အဓိပ္ပါယ်တူကြသလား ၊ ဒါမှမဟုတ် တခြားစီလားဆိုတာကို ကျွန်တော်မသိ ။ အခုလောလောဆယ် ကျွန်တော့်စိတ်တွေပူလောင်နေပါတယ် ။ ဘာကြောင့် ပူလောင်နေလဲဆိုတာကိုလဲ ရိုးတိုးရိပ်တိပ်သိနေပေမဲ့ ကွက်ကွက်ကွင်းကွင်းသိရအောင်တော့ မကြိုးစားချင်ပါ ။

ထင်း (Ongoing) Où les histoires vivent. Découvrez maintenant