|| တစ္ဆေဘုရင်ရဲ့ မွေးနေ့ ||
များမကြာမှီကာလမှာ အရမ်းအရေးကြီးတဲ့ အဖြစ်အပျက်တစ်ခု နီးကပ်လာနေခဲ့ပြီ ။
အဲဒီကိစ္စကြောင့် တစ္ဆေမြို့တော်က တစ္ဆေတွေဟာ ပူပင်ကြောင့်ကြ စိုးရိမ်နေကြတယ် ။ ရှဲ့လျန်လည်း ကြားပြီးတဲ့နောက် သူ့ကို တိတ်တိတ်ကလေးလာပြောတဲ့ တစ္ဆေလိုပဲ ထိတ်လန့်သွားကာ စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်လာတော့တယ် ။
" မွေးနေ့တဲ့လား ?"
" အမှန်ပါပဲ"
အမှန်ပဲ ။ တစ္ဆေမြို့တော်ရဲ့ အရှင်သခင် ဟွားချန် - ဘယ်နှစ်နှစ်ပြည့်မြောက်သွားမှန်းတော့ မသိပေမဲ့ သူ့မွေးနေ့ရောက်တော့မယ် !
ရှဲ့လျန်က သတိလက်လွတ်ဖြစ်ကာ ထူးထူးခြားခြား စိတ်လှုပ်ရှားစွာနဲ့ ပြောတယ် ။
" ဒါ... ဒါ ဒါ ဒါ.... အရင်က စန်းလန်ရဲ့ မွေးနေ့တွေကိုရော ဘယ်လို ဖြတ်သန်းလဲ ?"
တစ္ဆေတစ်အုပ်က စိတ်အားထက်သန်စွာနဲ့ တစ်ယောက်တစ်ပေါက်ပြန်ဖြေကြတယ်။
" အရမ်းစည်ကားတယ်လေ!"
" ဘယ်လို ဖြတ်သန်းတယ်ရယ်လို့တော့ မဟုတ်ပါဘူး ကျွန်တော်တို့တွေ ဗရုတ်သုတ်ခတွေ လုပ်ကြတာပေါ့"
" ဒါပေမဲ့ မြို့အရှင်သခင်က အရေးကိုမလုပ်ဘူးဗျာ"
ဒါကိုကြားတော့ ရှဲ့လျန်က ပြောလိုက်တယ် ။
" သူအရေးမလုပ်ဘူးဆိုတာ ဘာကိုပြောတာလဲ ?"
တစ္ဆေတစ်ကောင်က ပြန်ဖြေတယ် ။
" မြို့အရှင်သခင် လူကြီးမင်းက သူ့မွေးနေ့ကို မကျင်းပဘူး"
" ဟုတ်တယ် သူမွေးနေ့တွေမှာ ကျွန်တော်တို့ ဘာတွေလုပ်လုပ် သူဘယ်တော့မှ ဂရုမစိုက်ဘူး လူတွေသူ့ဆီပို့ပေးတဲ့ လက်ဆောင်တွေကိုလည်း တစ်ချက်တောင်မကြည့်ဘူး နှစ်တိုင်း ကျွန်တော်တို့ဟာကျွန်တော်တို့ပဲ ပျော်ကြရတာ"
"သက်ကြီးဝါကြီးပုဂ္ဂိုလ် မြို့အရှင်သခင် လူကြီးမင်းက ကိစ္စတော်တော်များများကို မေ့သွားပြီ ကြည့်ရတာ ကိုယ့်မွေးနေ့ကိုယ်တောင် မေ့သွားပြီနဲ့တူတယ်"
![](https://img.wattpad.com/cover/359752972-288-k411556.jpg)