233-ကိုက်တစ်ရာမြင့်တဲ့ ကမ်းပါး ၊ရေတံခွန်ထိပ်ဖျားမှ အချိုးအကွေ့တစ်ထောင်

526 67 0
                                    

|| ကိုက်တစ်ရာမြင့်တဲ့ ကမ်းပါး ၊ ပူပြင်းလောင်မြိုက်လျက်ရှိသော ရေတံခွန်ထိပ်ဖျားမှ အချိုးအကွေ့တစ်ထောင် [ အပိုင်း ၁] ||‌

ရှဲ့လျန်က ကြောင်အမ်းအမ်းနဲ့ ပြောတယ် ။

" ငါ ဘာမှ မလုပ်ချင်ပါဘူး"

"ဒါဖြင့် ဘာလို့ဓားထုတ်တာလဲ ?" ဟွားချန်က မေးတယ် ။

"ငါ.. ငါ့ဟာငါ ကာကွယ်ဖို့လေ?" ရှဲ့လျန်က ပြန်ဖြေတယ် ။

ဟွားချန်ရဲ့ အမူအရာက ထိတ်လန့်စရာကောင်းလောက်အောင် တည်တင်းလာပြီး ပိုပြင်းပြင်းဆုတ်ကိုင်လိုက်ရင်း ပြောတယ် ။

"ကိုယ့်ဟာကိုယ် ဘယ်လိုကာကွယ်ဖို့ စဉ်းစားနေတာလဲ ? ဓားကိုချလိုက်"

ရှဲ့လျန်အပေါ် ဒီလိုအမူအရာ ဒီလိုလေသံမျိုးနဲ့ ဟွားချန်ပြုမူပြောဆိုတာ ဒါပထမဆုံး အကြိမ်ပဲ ။ ရှဲ့လျန်ဟာ လုံးလုံး ကြောင်အမ်းသွားတော့တယ် ။

ဖုန်းရှင့်က သတိအနေအထားနဲ့ ပြောတယ် ။

" မင်းက ဘာကိစ္စ သူ့ကို ဓားချထားခိုင်းနေရတာလဲ ? မင်း သူ့ကို အရင်လွှတ်လိုက်"

စစ်သုံးပုဆိန် တစ်လက်ဟာ ပျံဝင်လာတယ် ။ ရှဲ့လျန်က မျက်စိလျင်လျင် လက်သွက်သွက်နဲ့ ဓားကိုမြှောက်ပြီး ရိုက်ချလိုက်ကာ ပုဆိန်ကို ပျံထွက်သွားစေလိုက်ရင်း ပြောလိုက်တယ် ။

" ဘယ်လိုကာကွယ်မလဲ ဆိုတော့ .. ဒီလို ကာကွယ်မှာလေ !"

အဲဒီတော့မှာ ဟွားချန်ရဲ့ အမူအရာနဲ့ လေသံဟာ ဘာကြောင့်မှန်းမသိ အနည်းငယ် သက်တောင့်သက်သာ ဖြစ်လာပေမဲ့ သူက ရှဲ့လျန်ကို လွှတ်မပေးသေးဘဲ ပြောတယ် ။

" ကိုယ့်ဟာကိုယ် ကာကွယ်စရာမလိုဘူး ကျွန်တော်နောက်မှာ ရပ်နေရင်ရပြီ .. ဓားကိုချထား"

ဖုန်းရှင့်က မြေကြီးပေါ်က သူ့ရဲ့လေးကို ခြေဖျားနဲ့ ခတ်ကာ ကောက်ယူလိုက်ပြီး လက်နှစ်ဖက်နဲ့ တင်းတင်းဆုတ်ကာ ဓားတစ်ချောင်းလို ကိုင်မြှောက်ရင်း သံလုံးထိပ်ဖူးတပ် လက်နက်တစ်ခုကို ရိုက်ထုတ်လိုက်ပြီး ပိုမိုသံသယဖြစ်စွာနဲ့ ပြောတယ် ။

" မင်းသူ့ကို အဲဒီလို ဖမ်းဆွဲထားပြီး ဘာလုပ်မလို့လဲ ? သူက အစစ်ရောဟုတ်ရဲ့လား ? အရှင့်သား ရွှယ့်ယွီထန့်ဟွားရဲ့ ကိုယ်ပိုင်စိတ်အာရုံအတွေးစက်ဝန်း စကားဝှက်ကို သင်တို့အပြင် တခြားသိတဲ့သူရှိသေးလား ? သူ့စကားဝှက်ကို သိတာ သင်တစ်ယောက်ပဲ ရှိတာမဟုတ်ဘူး မဟုတ်လား ?"

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now