206-တိုက်ခိုက်ရေးစိတ်ဓာတ်ကို ဆွပေးတဲ့ တစ္ဆေဘုရင်ရဲ့ စကားနှစ်ခွန်း

547 71 1
                                    

|| တိုက်ခိုက်ရေးစိတ်ဓာတ်ကို ဆွပေးတဲ့ တစ္ဆေဘုရင်ရဲ့ စကားနှစ်ခွန်း ||

" ဒါဖြင့် ထောင်ချောက်ထဲ ကျသွားပြီးနောက်ကျတော့ရော ?" လို့ ရှီးချင်းရွှမ်က မေးတယ် ။

ရှဲ့လျန်နဲ့ ဟွားချန်ဟာ လူသား အစီအရင်ရဲ့ အလယ်တည့်တည့်မှာ နေရာယူလိုက်ကြပြီး ပြောတယ် ။

" နောက်ပိုင်းကတော့ ငါတို့တာဝန်သာထားလိုက် ... ငါတို့က ဒီအထဲမှာ ရှိနေပြီး သူတို့ကို ဖြည်းဖြည်းချင်း တာဝန်ယူလိုက်မယ် တစ်ကောင်တစ်လေမှ လွတ်ထွက်မသွားစေရဘူး ... လိုအပ်တာက အချိန်ပဲ ... လောလောဆယ် လုပ်ကိုလုပ်ရမဲ့ကိစ္စက သူတို့တွေ ပြန့်ကျဲမသွားဖို့ပဲ ... ပြီးတော့ အန္တရာယ်ရှိနိုင်တယ်လို့ ပြောရတဲ့ အကြောင်းက အခုလောလောဆယ်မှာ လူငါးရာ မပြည့်နိုင်သေးဘူး ... ဒါကြောင့် စက်ဝန်းက ထိန်းထားနိုင်ပါ့မလား အထဲကဟာတွေ အပြင်ကို ဖောက်ထွက်သွားနိုင်မလား ဆိုတာ ပြောရခက်တာကြောင့်ပဲ "

တစ်ယောက်ယောက်က တံထွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီး မေးတယ် ။

" စက်...စက်ဝန်းထဲက ဖောက်ထွက်လာရင် ဘာတွေ ဖြစ်ကုန်မှာလဲ ?"

ရှဲ့လျန်က ပြန်ဖြေလိုက်တယ် ။

" အဲဒါဆိုရင်တော့ ငါးပါးမှောက်ပြီပဲ .. အငြိုးအာဃာတ အပြည့်နဲ့ ဝိညာဉ်တွေ ဝင်ပူးတာခံရမယ် အရင်ဆုံး ကပ်ရောဂါ ကူးစက်ခံရမယ် ...."

" တကယ်လို့ ... ကျုပ်ပြောတာ တကယ်လို့ တစ်ယောက်ယောက်က လက်လွှတ်ပြီး ထွက်ပြေးရင်ရော ဘာဖြစ်မှာလဲ ?"

ရှဲ့လျန်က ပြောလိုက်ပြန်တယ် ။

" စက်ဝန်းပျက်သွားမယ်... အငြိုးအာဃာတအပြည့်နဲ့ ဝိညာဉ်တွေ ဝင်ပူးတာ ခံချင်ခံရလိမ့်မယ် "

" ဒါဖြင့် ဝိညာဉ်ဝင်ပူးခံရမှာ အတူတူချည်းပဲပေါ့"

ပိုပြီး ဉာဏ်ထက်တဲ့ အုပ်စုက သဘောပေါက်သွားပြီး ပြောလာတယ် ။

" မတူဘူး .. ပထမဟာက ရာနှုန်းပြည့်ပဲ အငြိုးအာဃာတအပြည့်နဲ့ ဝိညာဉ်တွေ ဝင်ပူးခံရမှာသေချာတယ် ကပ်ရောဂါ ကူးစက်ခံရမယ် .. ဒုတိယ တစ်ခုကတော့ 'လိမ့်မယ်' လို့ပြောတာ ... ဆိုလိုတာက လက်လွှတ်ပြီး ထွက်ပြေးသွားရင် အသက်ရှင်ဖို့ အခွင့်အရေးရနိုင်တယ် "

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now