232-ကျွမ်းကျင်စွာ အံစာခေါက်ရာ အထိတ်တလန့်ဖြစ်စရာ တစ်ပွင့်ကျလို့လာ

491 69 0
                                    

|| ကျွမ်းကျင်စွာ အံစာခေါက်ရာ အထိတ်တလန့်ဖြစ်စရာ တစ်ပွင့်ကျလို့လာ [ အပိုင်း ၄ ] ||

မုချင်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ဝန်ခံလိုက်တယ် ။

" .... ဟုတ်တယ် ဖုန်းရှင့်ကို ရိုက်တာ ကျွန်ုပ်ပဲ "

ဖုန်းရှင့်က ထောင်းခနဲ ဒေါသထွက်သွားပြီး ပြောတယ် ။

" မင်းပဲသေချာတယ်ဆိုတာ ငါသိသားပဲ !"

မုချင်က ရှဲ့လျန်ဘက်ကို လှည့်လိုက်ပြီး ပြောတယ် ။

" ဒါပေမဲ့ အဲဒါက ကောင်းကင်ဘုံ မြို့တော်ကြီး အဆုံးသတ်ပြီမလို့ ! အဲဒီအချိန်က နတ်မင်းတွေအားလုံး ထွက်ပြေးဖို့ နည်းလမ်းရှာနေကြတာ .. ဒါပေမဲ့ သူက အဲဒီမှာ ဆက်နေနေပြီး မသွားဘူးလုပ်နေတယ် .. သူကို ခေါ်လည်း သူကနားမထောင်ဘူး .. အဲဒီမှာ ဆက်ရပ်နေရင် အနှေးနဲ့အမြန် ငရဲမီးလောင်ပြီး သေမှာပဲ ... အဲဒါကြောင့် ကျွန်ုပ်က သူ့ကို မေ့အောင်ရိုက်ပြီး သင့်ဆီကို ပစ်ပေးဖို့ စီစဉ်လိုက်တာ !"

" ဒါပေမဲ့ မင်း ငါ့ဆီ လွှဲမပေးဘူးလေ ..ဖုန်းရှင့်က ပျောက်သွားပြီး နောက်ဆုံး ဒီရောက်နေခဲ့တာပဲ " ရှဲ့လျန်က ပြောလိုက်တယ် ။

" ဘာလို့လဲဆိုတော့ လမ်းမှာ မတော်တဆကိစ္စလေးတစ်ခုဖြစ်သွားလို့ " မုချင်ကပြောတယ် ။

" ဘာမတော်တဆကိစ္စလဲ ?"

မုချင်က ပြောတယ် ။

" ဟို သန္ဓေသားလောင်း တစ္ဆေပေါ့ ! သူက ရုတ်တရက်ကြီး နောက်ကနေ အလစ်ဝင်တိုက်ခိုက်တာ .. မလွှတ်တမ်း အသည်းအသန်ကိုက်ထားပြီး သူ့ကို ခေါ်သွားခွင့်မပြုဘူး .. ကျွန်ုပ် သူ့ကို ဆွဲယူဖို့ အခွင့်အရေးမရလိုက်ခင်လေးတင် ကောင်းကင်ဘုံမြို့တော်ကြီးက စပြီးပုံပြောင်းလာတာ အဲဒါကြောင့် ...."

အဲဒါကြောင့် ဖုန်းရှင့်က သူ့အောက်က မြေကြီးအစိတ်အပိုင်းနဲ့ အတူ ဘယ်ကို ပို့ခံရမှန်းမသိ ဖြစ်သွားခဲ့တာပဲ ။

ဒါသာ အမှန်ဖြစ်မယ်ဆိုရင် မုချင်က ကောင်းတဲ့ ကိစ္စအတွက် ရည်ရွယ်လုပ်ဆောင်တာဖြစ်ပေမဲ့ မတော်တဆနဲ့ ဒုက္ခရောက်အောင်ဂြိုဟ်မွှေသလိုဖြစ်သွားခဲ့ကာ ဖုန်းရှင်ကို တစ်ခါတည်း ငါးပါးမှောက်သွားစေခဲ့တာပဲ ။ သိပ်ကို ကသိကအောင်နိုင်လှတဲ့ အခြေအနေတစ်ခုပေါ့ ။

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now