241-ပြုံးစစရှိစဉ်အချိန်မှာ မှေးမှိန်ဖျော့တော့သွားခဲ့သော အနီရောင် ဝတ်ရုံလွှာ

736 74 1
                                    

|| ပြုံးစစရှိစဉ်အချိန်မှာ မှေးမှိန်ဖျော့တော့သွားခဲ့သော အနီရောင် ဝတ်ရုံလွှာ [ အပိုင်း ၂ ] ||

ရှဲ့လျန်က ချက်ချင်း သူ့ကို ဖမ်းဆွဲလိုက်ပြီး အထိတ်တလန့်နဲ့ ပြောတယ် ။

" စန်းလန် !? မင်းဘယ်လိုဖြစ်တာလဲ !?"

ဟွားချန်က အေးအေးလူလူ ရှိနေသေးတယ်လို့ ပြောလို့ရတယ် ။ သူက ပြန်ဖြေတယ် ။

" ဘာမှ မဖြစ်ပါဘူး ! နည်းနည်းလေး အလွန်အကျွံလုပ်မိသွားတာလောက်ပါပဲ"

အဖြေကို ကြားတာနဲ့ ရှဲ့လျန်ဟာ အံ့ဩကြောင်အမ်းသွားပြီး ပြောတယ် ။

"... မင်းဘာလို့ ငါ့ကို စောစောမပြောရတာလဲ ဒါဘာလို့ဘာမှ မဖြစ်ရမှာလဲ !?"

ဝိညာဉ်စွမ်းအားတွေ ၊ အဲဒီ ဝိညာဉ်စွမ်းအားတွေ !

ဟွားချန်က ရှဲ့လျန်ကို ဝိညာဉ်စွမ်းအားတွေ လွှဲပြောင်းပေးတဲ့အခါ အမြဲတစေ အင်္သချေအနတ္တ မကုန်မခမ်းနိုင်တဲ့ အရင်းအမြစ်တစ်ခုအသွင် ရှိနေခဲ့တယ် ။ အတောမသတ်နိုင်လောက်အောင် သူယူဆောင်သမျှ အတွက် ဘယ်တော့မှ ဝန်ထုတ်ဝန်ပိုး မဖြစ်ဟန် ရွှင်လန်းတက်ကြွစွာ ပြုံးစစနဲ့ ရှိနေခဲ့တာပဲ ။ ဒါပေမဲ့ အဲဒါက သူ့ရဲ့ ကိုယ်ပိုင် ဝိညာဉ်စွမ်းအားတွေလေ ။ လှိုင်းလုံးတွေနဲ့ တိုက်စားသယ်ဆောင်လာတဲ့ သဲပွင့်တွေလည်း မဟုတ် ဘာမဟုတ်နဲ့ ဘယ်လိုလုပ်ပြီး တကယ်ကို အဆုံးအစမရှိ အင်္သချေ အနတ္တ မကုန်နိုင်မခမ်းနိုင် ဖြစ်နိုင်မှာလဲ ?

ဒါကိစ္စက ဟွားချန် စောစောစီးစီး မပြောခဲ့ခြင်းကို အပြစ်တင်လို့ ရတာမျိုးမဟုတ် သူကိုယ်တိုင် စောစောစီးစီးမတွေးမိခဲ့ခြင်းကိုသာ အပြစ်ဆိုနိုင်တာရယ်ပါ ။ ရှဲ့လျန်တစ်ယောက် ထိတ်ထိတ်လန့်လန့် အလောတကြီးနဲ့ ပြောလိုက်တယ် ။

" ငါမင်းကို ပြန်ပေးမယ်!"

သူက ဟွားချန်ရဲ့ မျက်နှာကို လက်ခုပ်ကလေးနဲ့ အုပ်ကိုင်လိုက်ပြီး နမ်းလိုက်တယ် ။ ဖုန်းရှင့်နဲ့ မုချင်တို့ဟာ မူလကတော့ အနားကို လာကြမလို့ပဲ ။ ဒါပေမဲ့ အနှီမြင်ကွင်းကို မြင်တဲ့အခါ ချက်ချင်းကို ခြေလှမ်း ဆယ်ဂဏန်းလောက် ပြန်ဆုတ်သွားကြပြီး ခပ်လှမ်းလှမ်းမှာပဲ နေရင်း နှစ်ယောက်သားကို လုပ်ချင်တာ လုပ်ခွင့် ပေးထားလိုက်တော့တယ် ။

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Où les histoires vivent. Découvrez maintenant