215-လမ်းကြောင်းက သွေဖီမသွားသင့်ပေမဲ့ အခွင့်အာဏာတွေကတော့ အတူတူပါပဲ

864 124 0
                                    

|| လမ်းကြောင်းက သွေဖီမသွားသင့်ပေမဲ့ အခွင့်အာဏာတွေကတော့ အတူတူပါပဲ ||

ဒါပေမဲ့ ဖုန်းရှင့်က အချိန်တော်တော်ကြာကြာ ကြောင်အမ်းမနေခဲ့ဘဲ ပြန်ဖြေစရာ အဖြေရှိလာခဲ့တယ် ။ သူက ခွန်းတုန့်ပြန်ပြောတော့မဲ့ဆဲဆဲ ကျန့်လန်က လှောင်ရယ်ရင်း ပြောလာတယ် ။

"ထားလိုက်ပါတော့ ရှင်ပြန်ဖြေနေစရာမလိုဘူး .. အခုရှင်က သူများရဲ့ အကျဉ်းသားဖြစ်နေခဲ့ပြီ ရှင့်သားကို အသိအမှတ်ပြုတယ်ပြောပြော မပြုဘူးပြောပြော အားလုံးက အလကားပဲတင်း အဓိပ္ပါယ်မရှိတဲ့ စကားတွေပဲ.. ကျွန်မ တစ်လုံးမှ မယုံဘူး .. မပြောတော့နဲ့ .. ရှင်က ဆန္ဒရှိရင်တောင် ကျွန်မလက်မခံဘူး !"

အဲဒီသန္ဓေသားလောင်းတစ္ဆေဟာ သူမရဲ့ ရင်ခွင်ထဲမှာ ခွေနေခဲ့ပြီး ဖုန်းရှင့်ကို လျှာထုတ်ပြနေရင်း လူကြီးတစ်ယောက်ရယ်သံမျိုးနဲ့ ကျိတ်ရယ်နေတယ် ။ ကျန့်လန်က ၎င်းရဲ့တင်ပါးကို ခပ်ဆတ်ဆတ်လေး ရိုက်ပုတ်လိုက်ပြီး ဆူငေါက်လိုက်တယ် ။

" ဘယ်လို ရုပ်ကြီး လုပ်နေသေးတာလဲ !? လျှောက်မပြေးပါနဲ့လို့ ပြောထားနေတဲ့ဟာကို ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်နေတာလား !!"

အဲဒီ ရုပ်ဆိုးဆိုး မျက်နှာလေးဟာ အနည်းငယ် ကျုံ့သွားပြီ နောက်ဆုံးမှာတော့ ပုံမှန်အတိုင်း ပြန်ငြိမ်သွားတယ် ။ သားအမိနှစ်ယောက်ဟာ နန်ယမ်းနန်းဆောင်ထဲကနေ သုတ်ခြေတင် ထွက်သွားကြပြီး ဖုန်းရှင့်ကတော့ နောက်မှာ အော်ခေါ်ရင်း ကျန်နေခဲ့တယ် ။

" ကျန့်လန် ကျန့်လန် !"

တုန့်ပြန်လာသံ မရှိ ။ နောက်ဆုံးတော့ နန်ယမ်း နန်းဆောင်ထဲ သူတစ်ယောက်တည်းပဲ ကျန်ရစ်ခဲ့ပြန်တော့တယ် ။ ဖုန်းရှင့်ဟာ သူ့ရဲ့ ထိုင်ဖုံလေးမှာ ပစ်ထိုင်ကျသွားပြီး သူ့ရှေ့မှာ ကျန်ရစ်နေခဲ့တဲ့ ကွေ့ကောက်ရွဲ့စောင်းနေတဲ့ သွားရာတွေနဲ့ မုန်လာဥဖြူကြီးကို စိုက်ကြည့်နေခဲ့တယ် ။ တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် သူ့ညာလက်ကို နှဖူးပေါ်တင်ပြီး ကြမ်းပေါ်မှာ လှဲချလိုက်တော့တယ် ။ သူမှာ ဆဲဖို့တောင် အင်အားမရှိရှာတော့ဘူး ။

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now