239-အက်ကွဲသွားသော အဖြူရောင် ချပ်ဝတ်တန်ဆာ

689 77 1
                                    

|| အက်ကွဲသွားသော အဖြူရောင် ချပ်ဝတ်တန်ဆာ ၊ ကျိန်စာပတ်ကြိုးများကို ကျိုးပျက်သွားစေသော ထူးဆန်းသည့် မှော်စွမ်းအား ||

ဖန်းရှင်းဓားက မာန်ဟုန်ပြင်းလွန်းလှတဲ့ အရှိန်အဝါကို ထုတ်လွှတ်နေပြီး ဒီလို ထိုးစစ်အရှိန်အဟုန်မျိုးအောက်မှာ တစ်လှမ်းပြီး တစ်လှမ်း နောက်ဆုတ်သွားရတဲ့ ရှဲ့လျန် မဆိုထားနဲ့ အဝေးမှ ကြည့်နေသူများအဖို့ ကြည့်ရုံနဲ့တင် ကျောစိမ့်ဖွယ်ရာပဲ မဟုတ်လား ?

စောစောက ဟွားချန်တစ်ကိုယ်တည်း ပိုင်ဝူရှန်းနဲ့ လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်ပေမဲ့ ကျွင်းဝူ ပေါ်ထွက်လာပြီးနောက် သူ့နဲ့ သရေကျအောင် တိုက်ခိုက်နိုင်ဖို့ နှစ်ယောက်မှ ဖြစ်နိုင်တော့မယ် ။ သူ့ရဲ့ အဓိက ဝိညာဥ်စွမ်းအား ရင်းမြစ် ပိုင်နက်နယ်မြေဟာ ထုံလူတောင် ဖြစ်နေခဲ့တဲ့ အကျိုးကျေးဇူးက တဖြည်းဖြည်းနဲ့ သိသာထင်ရှားလာပြီး ရှဲ့လျန်ဟာ ပြင်းထန်တဲ့ အားတစ်ခုက သူတို့ဘက်ဆီကို ဖိနှိပ် ထိန်းချုပ်လာတာကို ခပ်ရေးရေးခံစားမိလာတယ် ။

နောက်ပြီး ကျွင်းဝူရဲ့ အဖြူရောင် ချပ်ဝတ်တန်ဆာဟာလည်း သူ့ကိုယ်ခန္ဓာကို ကာကွယ်ပေးထားသေးတယ် ။ ၎င်းဟာ သူကိုယ်တိုင် သွန်းလောင်းထားခဲ့တဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိ ဝိညာဉ်စွမ်းအားသုံး နတ်လက်နက်ဖြစ်ပြီး ၎င်းရဲ့ ကာကွယ်ရေး အစီအမံက ထိုးနှက်တိုက်ခိုက်နိုင်ဖို့ ဟာကွက်မရှိသလောက်ပဲ ။ သူဟာ သူ့ရဲ့ ဦးခေါင်းကိုသာ ကာကွယ်ရန်လိုအပ်ခဲ့တယ် ။ ဟွားချန်ရဲ့ ဓားမောက်ရှည်ဟာ အင်မတန် လျင်မြန် တိကျပြီး ရှဲ့လျန်ဟာလည်း အခွင့်ရနိုင်သမျှ အသုံးချကာ ထိုးနှက်တိုက်ခိုက်တယ် ။ နှစ်ယောက်သားက ကျွင်းဝူရဲ့ လည်မြို ၊ နှလုံး ၊ နောက်ကျော ၊ ဝမ်းဗိုက် ၊ ပုခုံး နဲ့ ရှေ့ဘက်က ကျန်တဲ့ နေရာတွေ အားလုံးနီးပါးကို ထိုးနှက်တိုက်ခိုက်ကြပေမဲ့ ရန်သူဟာ နည်းနည်းလေးမှ ထိခိုက်မှု မရှိခဲ့ဘူး !

မုချင်က လှမ်းအော်တယ် ။

"အလကား အပင်ပန်းခံမနေနဲ့ ! အသုံးမဝင်ဘူး ! အဲဒီအဖြူရောင် ချပ်ဝတ်တန်ဆာက ထိုးဖောက်လို့မရနိုင်ဘူး"

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now