|| ရွှယ့်ယွီထန့်ဟွားမှ ပိုင်ဝူရှန်းနှင့် ရက်စက်ကြမ်းတမ်းသော တိုက်ပွဲ ဆင်ယင်ခြင်း[ အပိုင်း ၂ ]||
အဲဒီအသံက လက်နက်တစ်ခု ကျိုးပျက်သွားတဲ့ အသံပဲ !
ရှိနေတဲ့သူအားလုံး အသံလာရာဆီကို အလျင်စလို လှမ်းကြည့်လိုက်ကြတယ် ။ ဟွားချန်လက်ထဲက ဓားမောက်ရှည် ဘာမှ မဖြစ်တာကို သူတို့ မြင်လိုက်ကြရပေမဲ့ ပိုင်ဝူရှန်း ကိုင်စွဲထားတဲ့ ဓားရှည်ကတော့ ဟွားချန်ရဲ့ ခုတ်ချက်ကြောင့် ထက်ပိုင်းကျိုးသွားခဲ့ပြီ ။
ဓားမောက်ရှည် အဲ့မင့်ပေါ်က မျက်လုံးလေးဟာ ရှဲ့လျန်ကို မြင်သွားပြီး အရူးအမူးလည်ပတ်သွားတယ် ။ ရှဲ့လျန်ရဲ့ ရှေ့မှောက်မှာ ကိုယ်ရည်သွေးပြလိုက်ရပြီး စိတ်ထဲ ဝမ်းသာလုံးဆို့ကာ ကောင်းကင်ဘုံထိ တက်လှမ်းသွားတော့မလိုပဲ ။
ဟွားချန်က အားပါးတရ တစ်ချက်ရယ်မောလိုက်ပြီး အေးဆေးသက်သာစွာနဲ့ပြောတယ် ။
" ဘာမှမဖြစ်ပါဘူး .. ကောကော စိတ်မပူပါနဲ့"
အဲဒီနောက် သူက ပိုင်ဝူရှန်းကို ပြန်မေးလိုက်တယ် ။
" ဘာလို့ ခင်ဗျားကို မျက်လုံးထဲ ထည့်နေရမှာလဲ ?"
ပိုင်ဝူရှန်းက ဟမ့်ခနဲ ရေရွတ်လိုက်တယ် ။ ပုရောဟိတ်ကြီးဟာ ဆက်လက် ထိန်းချုပ်မထားနိုင်တော့ဘူး ။ သူက သူ့ရဲ့ ပြိုင်ဘက်ကို ဒေါသအမျက်ထွက်အောင် သွားဆွမိမှာကို စိုးရိမ်စွာနဲ့ ပြောလိုက်တယ် ။
" လူငယ်လေး စကားပြောတာ သိပ်ဆောင့်ကြွားကြွားမနိုင်နဲ့"
ဒါပေမဲ့ ဟွားချန်ထပ်ပြောလိုက်တဲ့စကားက ပိုပြီး ထီမထင် ရဲတင်းလွန်းလိမ့်မယ်လို့ ဘယ်သူသိမှာလဲ ။ ဓားကို လက်တစ်ဖက်တည်းနဲ့ ကိုင်စွဲပြီး ချွန်မြ စိုလက်နေတဲ့ ဓားဦးကို ပိုင်ဝူရှန်းဆီ ချိန်ရွယ်ကာ အပြုံးလေးနဲ့ ပြောလိုက်တယ် ။
" ဘာပဲပြောပြော နောက်ဆုံးတော့ ခင်ဗျားက မနာလိုဝန်တို မစ္ဆရိယစိတ်တွေ ပြည့်နှက်နေတဲ့ သောက်ဘိုးတော်ကြီးပါပဲလေ"
သူ့ရဲ့ ဟန်ဆောင်အပြုံးကို ဆက်တိုက် ဆူပြောနေဖို့ အားမရှိတော့တဲ့ ပုရောဟိတ်ကြီးတင်မဟုတ် ဖုန်းရှင့်နဲ့ မုချင်ပါ ကြောင်အမ်းသွားကြတယ် : ဒီလူ သတ္တိက တယ်ကောင်းပါ့လား !
![](https://img.wattpad.com/cover/359752972-288-k411556.jpg)