240-ပြုံးစစရှိစဉ်အချိန်မှာ မှေးမှိန်ဖျော့တော့သွားခဲ့သော အနီရောင် ဝတ်ရုံလွှာ

1.1K 128 5
                                    

|| ပြုံးစစရှိစဉ်အချိန်မှာ မှေးမှိန်ဖျော့တော့သွားခဲ့သော အနီရောင် ဝတ်ရုံလွှာ [ အပိုင်း ၁ ] ||


မုချင်က ရေရွတ်တယ် ။

"ဘယ်လိုလုပ် ဒါမျိုးဖြစ်နိုင် ? ဘယ်လိုလုပ် အဲဒီလောက်အများကြီး ...???"

ကျိန်စာ ပတ်ကြိုးတွေကို ဝိညာဉ်စွမ်းအားတစ်ခုတည်းနဲ့ ချိုးဖျက်ပစ်နိုင်တဲ့သူ ရှိတယ်ဆိုတာ တစ်ခါမှ ဘယ်တုန်းကမှ မကြားဖူးခဲ့ဘူး !

ဟွားချန်က မြေကြီးပေါ်မှာ ပုံလျှက်သား ထိုင်နေတဲ့ ရှဲ့လျန်ကို ဖေးကူ ထူမပေးလိုက်ပြီး ပြောတယ် ။

" ကောကော ထပ်ပြီး တိုက်ခိုက်ကြည့်ကြည့်"

အဲဒီတစ်ချိန်တည်းမှာပဲ ကျွင်းဝူဟာ ရှေ့တက်ကာ ဓားနဲ့ ပစ်ထိုးလာတယ် ။ ရှဲ့လျန်ရဲ့ မသိစိတ်က အလိုလို လက်မြှောက်ပြီး ရိုက်ချပစ်လိုက်တယ် ။

ချွင် _! ဆိုတဲ့ အသံတစ်ချက်နဲ့အတူ ကျူးရှင်းဟာ လေထဲ လွင့်ထွက်သွားတော့ မတတ်ဖြစ်သွားခဲ့တယ် !

ဒီရိုက်ချက်ဟာ အရင်ကနဲ့ လုံးဝ ကွဲပြားခြားနားတယ် ။

ရှဲ့လျန်က သူ့လက်ကိုသူ ကြည့်ရင်း အနည်းငယ် မှင်တက်မိနေခဲ့တယ် ။ ဒီလို ခံစားချက်မျိုး မထိတွေ့ မခံစားခဲ့ရတာ နှစ်ရာနဲ့ချီကြာနေခဲ့ပြီ ။ ဒါကမှ သူပါ ဆိုတာကိုတောင် မေ့လုမေ့ခင် ဖြစ်နေခဲ့တယ် ။

ရဲရင့်အားကောင်းလွန်းတာကြောင့် သူ့ရဲ့ ဝိညာဉ်စွမ်းအားကိုသူ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ခြေလှမ်းတိုင်းမှာ မြေငလျင်လှုပ်ကာ တောင်ကြီးတွေကို ယိမ်းထိုးသွားစေတယ် ။ ခြေတစ်လှမ်းနဲ့ မိုင်တစ်ထောင်ရောက်နိုင် ၊ ခြေတစ်လှမ်းတည်းနဲ့ အထက်ကောင်းကင်ဘုံကို တက်လှမ်း ရောက်ရှိသွားနိုင်တယ် !

သူက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ပြီး ကျွင်းဝူမျက်နှာကို အကြမ်းပတမ်း ထိုးချပစ်လိုက်တော့တယ် ။

တိုက်ပွဲစခဲ့ပြီးကတည်းက ကျွင်းဝူရဲ့ မျက်နှာဟာ အမြဲလိုလို မထိမခိုက် သန့်သန့်ရှင်းရှင်းနဲ့ ရှိနေခဲ့တာ ။ ဒီတစ်ချက်ကတော့ တည့်တည့်ထိသွားပြီး နောက်ဆုံးမှာ သူ့နှုတ်ခမ်းထောင့်စွန်းဆီက သွေးတစ်စက် စီးကျလာတော့တယ် ။ သူက လက်မလေးနဲ့ သုတ်လိုက်ပြီး သွေးစက်ကို တစ်ချက်ကြည့်လိုက်တယ် ။

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Dove le storie prendono vita. Scoprilo ora