210-ရုတ်ရုတ်သဲသဲ ကောင်းကင်ဘုံမြို့တော်

598 76 2
                                    

|| ရုတ်ရုတ်သဲသဲ ကောင်းကင်ဘုံမြို့တော် ၊ ကောင်းကင်ဘုံ ရုံးတော်ကို ရိုက်ခတ်သွားသည့် ဂယက်ဆန်းဆန်း [ အပိုင်း ၂ ] ||

ရှဲ့လျန်က ပြောလိုက်တယ် ။

"ဘာ... ဘာအကျိုးအမြတ်လဲ?"

ဟွားချန်က မေးခွန်းလေးနဲ့ တုန့်ပြန်တယ် ။

"ပြောကြည့်လေ"

အဲဒီမေးခွန်းကို မေးလိုက်တဲ့ အခိုက်အတန့် သူမျက်ခုံးတွေ ဘယ်လိုပင့်လိုက်တယ် ၊ သူ့နှုတ်ခမ်းလေး ဘယ်လိုကွေးညွှတ်သွားတယ် ဆိုတာတွေကို ရှဲ့လျန် စိတ်ကူးကြည့်မိနိုင်ခဲ့တယ် ။ သူဘာများပြန်ပြောနိုင်ဦးမှာလဲ ?

ဟွားချန်က ဆက်ပြောလာတယ် ။

" ပြောမှ ကောကော ကျွန်တော့်ကို ပြန်မပေးရသေးတဲ့ ဝိညာဉ်စွမ်းအား တော်တော်များများ အကြွေးကျန်နေသေးသလားလို့ ကျွန်တော် အမှတ်မမှားပါဘူးနော် ?"

ရှဲ့လျန်က ချင့်ချင့်ချိန်ချိန်နဲ့ ပြန်ဖြေလိုက်တယ် ။

" မမှားပါဘူး"

ဟွားချန်က မေးလာပြန်တယ် ။

" ဒါဖြင့် ကောကော ဘယ်လို ပြန်ဆပ်ဖို့ စဉ်းစားထားလဲ ?"

"......."

"... အဲဒါလည်း မစဉ်းစားရသေးဘူး" လို့ ရှဲ့လျန်က ပြန်ဖြေလိုက်တယ် ။

ဟွားချန်က တစ်ချက်ရယ်လိုက်သလိုနဲ့ ပြောလာတယ် ။

" တကယ်လို့ မစဉ်းစားရသေးဘူးဆိုရင် ကျွန်တော် ဆုံးဖြတ်ပေးရင်ရော ? ဒီတစ်ခေါက် ကိစ္စပြီးလို့ အားလပ်ရက်ရတဲ့အခါ ကောကော ကျွန်တော်ကို ဖြည်းဖြည်းချင်း ပြန်ဆပ်ပေါ့ ဘယ်လိုလဲ ?"

ရှဲ့လျန်တစ်ယောက် သူ့ရဲ့ ကျီစယ်မှုတွေကို ဆက်နားထောင်ရင်း တစ်ဖက်ကလည်း ကျွင်းဝူကို သူခိုးလုပ်၍ လိပ်ပြာမလုံသည့်နှယ် ခိုးကြည့်ပြီး ပါးစပ်ထဲရှိရာကို ပြန်ဖြေလိုက်တော့တယ် ။

" အင်း ... အင်းအင်း..."

သူကြားချင်တဲ့ အဖြေထိရောက်အောင် တစ်လှမ်းချင်း တစ်လှမ်းချင်း နည်းပေးလမ်းပြ ခေါ်ဆောင်လာခဲ့ပြီးတဲ့နောက် နောက်ဆုံးမှာတော့ ဟွားချန်ဟာ စိတ်ကျေနပ်သွားခဲ့ကာ သူ့ကို ခဏလောက် လွှတ်ပေးထားပြီးမှ ဆက်ပြောလာတယ် ။

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now