228-မိစ္ဆာနတ်မင်း မင်းနေပြည်တော်ပေါ်သို့ ဆင်းသက်လာခြင်း

549 74 1
                                    

|| ငရဲမီးတောက်များတောက်လောင်လျှက်ရှိသော မိစ္ဆာနတ်မင်း မင်းနေပြည်တော်ပေါ်သို့ ဆင်းသက်လာခြင်း [ အပိုင်း [ အပိုင်း ၃] ||

၎င်းရဲ့ လက်ရှိအနေအထားကပင် ကိုင်တွယ်ရခက်တဲ့ အနေအထားဖြစ်နေခဲ့နှင့်ပြီးပြီ ။ အခု ဓားတစ်ချောင်းပါ ရှိဦးမယ်ဆိုတော့ ကျားကို အတောင်ပံတပ်ပေးတာနဲ့ မခြားဖြစ်နေပြီ မဟုတ်လား ?

ရှဲ့လျန်ဟာ စိတ်ထင့်လေးစွာ ခံစားလိုက်ရပြီး အောက်ကလူတွေကို အော်ပြောလိုက်တယ် ။

" အားလုံးပဲ သတိထားကြ !!"

တစ္ဆေတွေဟာ ကြွက်တွေကို အားကြိုးမာန်တက် သတ်ဖြတ်နေကြရင်းက သူ့အသံကြားတဲ့အခါ မော့ကြည့်လာပြီး တအံ့တသြနဲ့ ပြောကုန်ကြတယ် ။

" ဟာ ဧရာမ ဘကြီးတော်ကြီး...အဲ မဟုတ်ပါဘူး... ရှဲ့တောက်ကျန် ပါလား !"

" အရှင်ကတော့ အပေါ်မှာ ကျေနပ်ပျော်ရွှင်စရာအချိန်ကောင်းလေး ရနေပုံပဲ ဂတ် !"

" မဟုတ်ဘူး ... ကျွန်ုပ်တို့ အပျော်ကစားနေကြတာ မဟုတ်...." လို့ ရှဲ့လျန်က အစချီလိုက်ရုံ ရှိသေး သူ့စကားမဆုံးခင်မှာဘဲ အလျှံညီးညီးတောက်လောင်နေပြီး ချွန်မြနေတဲ့ ဓားသွားဟာ သွေးဆာလောင်နေတဲ့ အငွေ့အသက်တွေ အပြည့်နဲ့ ခုတ်ချလာတယ် ။ ရှဲ့လျန်က လက်တွေကို လွှတ်ကာ တိုက်ခိုက်မှုကို သီသီကလေး ရှောင်တိမ်းလိုက်ရပြီး ဓားရဲ့ အရှိန်အဝါကြောင့် အထိတ်တလန့် ခံစားလိုက်ရကာ ခုတ်ချက်ရဲ့ အပူငွေ့လှိုင်းကိုပါ ခံစားမိလိုက်တယ် ။

ဧရာမ ကျောက်ဆစ်နတ်ရုပ်တုကြီးဟာ အစကတည်းက တစ်ဖက်ရန်သူကို အနိုင်နိုင်ခုခံနေခဲ့ရတာ အခုတော့ ကောင်းပါလေ့ ပြန်တိုက်ဖို့တောင် အင်အားမရှိတော့ဘူး !

အဲဒီလို သေရေးရှင်ရေးတမျှ အခြေအနေမှာ သူဟာ မချုပ်တည်းနိုင်ဘဲ စစ်နတ်မင်းတချို့ကို ခေါ်ထုတ်ပြီး ဓားအသွင်ပြောင်းပေးဖို့ အကူအညီတောင်းချင်မိပြန်တယ် ။ ဒါပေမဲ့ လက်ရှိမှာ ချွမ်ယိကျန်းဟာ ရေနက်မိစ္ဆာသိုက်ထဲမှာ အရိုးနဂါးရဲ့ ပျက်စီးနေတဲ့ အပိုင်းအစနဲ့အတူ လှည့်လည်စီးမျောရင်း ဒဏ်ရာတွေ ကုသနေတုန်း ရှိသေးတယ် ။ လန်ချန်းချိုးဟာလည်း တစ်ယောက်တည်းနဲ့ လူသား အယောက်တစ်ရာသဖွယ် အသုံးချရင်း ပိုမို ကြမ်းတမ်းရုန်းကန်လာနေတဲ့ အငြိုးအာဃာတအပြည့်နဲ့ ဝိညာဉ်တွေကို ထိန်းချုပ်ဖို့ လူသားအစီအရင်ကို အားဖြည့်ထောက်မပေးနေတယ် ။ ဖုန်းရှင့်နဲ့ မုချင်ဟာလည်း ဘာတွေဖြစ်သွားကုန်ကြမှန်းမသိ ။ ဒီကိုရောက်ကတည်းက အရိပ်တောင်မမြင်ရ ။ ဖေမင်တစ်ယောက်တည်း အားလပ်နေပေမဲ့ သူဟာလည်း တစ်ကိုယ်လုံး မဲတူးနေကာ ကြွက်တွေကို ခုတ်သတ်နေရင်း ပါးစပ်က မီးခိုးငွေ့ကွင်းတွေ ထွက်နေသေးတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် မိုးအရှင်သခင်နဲ့ ယှဉ်ရင် နောက်ကျကျန်ခဲ့တာကို မခံနိုင်ဖြစ်နေတာကြောင့် ရှစ်ဆယ်ရာခိုင်နှုန်းလောက်က မျှော်လင့်လို့မရဘူး ။ တကယ်ကို အသုံးချနိုင်မဲ့သူ တစ်ယောက်မှာ ရှိမနေဘူး !

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now