229-ကျွမ်းကျင်စွာ အံစာခေါက်ရာ အထိတ်တလန့်ဖြစ်စရာ တစ်ပွင့်ကျလို့လာ

511 67 0
                                    

|| ကျွမ်းကျင်စွာ အံစာခေါက်ရာ အထိတ်တလန့်ဖြစ်စရာ တစ်ပွင့်ကျလို့လာ [ အပိုင်း ၁] ||

ရှဲ့လျန်က ဟွားချန်ကို တိုးတိုးကပ်ပြောလိုက်တယ် ။

" မုချင် ဘာဖြစ်သလဲတော့ ငါမသိဘူး ဒါပေမဲ့ ဖုန်းရှင့်ကတော့ ကျန့်လန်နဲ့ သန္ဓေသားလောင်းတစ္ဆေကို ရှာနေတာပဲ .. မဟုတ်မှလွဲရော ..."

မဟုတ်မှလွဲရော တခြားနတ်မင်းတွေနဲ့ အတူတူလိုက်မလာဘဲ ကောင်းကင်ဘုံမြို့တော်ကြီးထဲ လူရှာဖို့ နေရစ်ခဲ့ပြီး မိုးပျံမြေလျိုးတဲ့ အကြောင်းကိစ္စတွေ တသီတတန်းကြီးနဲ့ ကြုံခဲ့ရမှုကြောင့် ရေလွှမ်း မီးကျွမ်းခံရပြီများလား ?

ဒါမှမဟုတ် အဆိုးဆုံး အခြေအနေဆိုရင် ။ လက်ရှိမှာ သူတို့နှစ်ယောက်လုံး ကျွင်းဝူရဲ့ လက်ထဲ ရောက်နေကြပြီလား !

အဲဒီအချိန် ပုရောဟိတ်ကြီးက သူတို့ဘက်ကို လျှောက်လာပြီးပြောတယ် ။

" အိမ်ရှေ့စံ အရှင့်သား ဆက်ရှာမနေတော့နဲ့ .. သူသာဒီမှာရှိနေရင် ပုန်းနေမှာ မဟုတ်ဘူး .. ဒီမှာလူတွေ အများကြီး ရှိနေပေမဲ့ သူ့မျက်စိထဲ အာရုံထားနေဖို့ အရေးပါတာ တစ်ယောက်မှ ရှိတာမဟုတ်ဘူး.. သူဒီမှာ မရှိဘူးဆိုမှတော့ သူသွားနိုင်တာ တစ်နေရာပဲရှိတယ် အဲဒါက သူ သင့်ကို လိုက်လာစေချင်တဲ့ နေရာပဲ "

ရှဲ့လျန် နားလည်သွားခဲ့တယ် ။

" ထုံလူတောင်လား ?"

ပုရောဟိတ်ကြီးကခေါင်းညိတ်ပြလိုက်တယ် ။

" သူ မိုင်တစ်ထောင်ကို ကျုံ့စေ အစီအရင် စီရင်သွားတာ ဖြစ်လိမ့်မယ် နောက်ပြီး ကောင်းကင်ဘုံ မြို့တော်အပြင် အဲဒီနေရာက သူ့ရဲ့ အားအကောင်းဆုံး ပိုင်နက်နယ်မြေတစ်ခုပဲ "

ရှီးချင်းရွှမ်က ဝင်ပြောတယ် ။

" ဟမ် ? ခင်ဗျားတို့ ထုံလူတောင်ကို သွားကြမလို့လား? အဲဒီ ကြောက်စရာကောင်းတဲ့ နေရာကြီးကိုလေ ??"

ရှဲ့လျန်က ပြောလိုက်တယ် ။

" တစ်ခေါက်သွားခဲ့ပြီးပြီ .. ကိစ္စမရှိပါဘူး အရမ်းကြီး ကြောက်စရာကောင်းတယ်လို့တော့ မဆိုသာဘူး .. ဖုန်းရှင့်နဲ့ မုချင်လည်း အဲဒီမှာ ရှိလိမ့်မယ် ထင်တယ် "

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now