225-ကောင်းကင်ယံတွင် မိစ္ဆာခံတပ်မြို့တော်ကြီးနှင့် တိုက်ပွဲဆင်

581 73 0
                                    

|| မိုးနှင့်မြေ ကပြောင်းကပြန်အသွင် ၊ ကောင်းကင်ယံတွင် အလျှံညီးညီး မိစ္ဆာခံတပ်မြို့တော်ကြီးနှင့် တိုက်ပွဲဆင် [ အပိုင်း ၂ ] ||


တစ်ချိန်က ကောင်းကင်ဘုံမြို့တော်ကြီး ဖြစ်ခဲ့တဲ့ အလျှံညီးညီး မိစ္ဆာ ခံတပ်မြို့တော်ကြီးဟာ ကောင်းကင်ပေါ်မှာ တုန်ခါနေပြီး အသံမြည်ဟည်းကာ အက်ကွဲထွက်နေတယ် ။ ခံတပ်မြို့ကြီးရဲ့ ကိုယ်ထည်ဟာ ဖြည်းဖြည်းချင်း တိမ်းစောင်းသွားချိန်မှာ မီးဟုန်းဟုန်းတောက်လောင်နေတဲ့ အုတ်ကျိုးအုတ်ပဲ့ အပိုင်းအစ အမြောက်အများဟာ ရေထဲကို လိမ့်ဆင်းပြုတ်ကျသွားကုန်တယ် ။

၎င်းဟာ မူလက အပြားလိုက်တည်ရှိနေခဲ့ရာက အခုချိန်မှာတော့ ထောင်လိုက် အနေအထား ထောင်မတ်သွားပြီး စတင်ပြိုကွဲသွားတယ် ။ ကောင်းကင်ဘုံမြို့တော်ကြီးရဲ့ ကြမ်းခင်းမြေပြင်ပေါ်မှာ တည်ရှိနေကြတဲ့ နတ်မင်းဗိမာန် နန်းဆောင် အများစုဟာ နေရာရွေ့သွားကုန်ကြပြီး တစ်ခါက ပြီးပြည့်စုံလှတဲ့ ခံတပ်မြို့ကြီးဟာ အစိတ်အပိုင်းကြီးတွေ ခုနှစ်ပိုင်း ရှစ်ပိုင်းလောက် တဖြည်းဖြည်း ပြိုကွဲစပြုလာတယ် !

နတ်မင်းတစ်ပါးက တအံ့တသြနဲ့ ရေရွတ်တယ် ။

" ဖြိုချပစ်လိုက်နိုင်တာလား ? ပြိုကွဲပြုတ်ကျသွားတော့မှာလား ?"

ရှဲ့လျန်က ပြောလိုက်တယ် ။

" အဲဒီလောက် ဘယ်လွယ်မှာလဲ ? ကြည့်ရတာ ...."

သူ့စကား မဆုံးခင်မှာဘဲ အဲဒီ " ပြိုကွဲ" သွားတဲ့ ခံတပ်မြို့ကြီးရဲ့ ကိုယ်ထည် အစိတ်အပိုင်း ခုနှစ်ပိုင်း ရှစ်ပိုင်းလောက်ဟာ လျင်မြန်စွာ အသစ်တဖန် ပြန်လည်တည်ဆောက်ပြီးသား ဖြစ်သွားခဲ့တယ် ။ ဧရာမ ကျောက်ဆိုင်ကြီးတွေကြားက တကျွီကျွီနဲ့ ပွတ်တိုက်ထိတွေ့သံတွေဟာ မနားတမ်းထွက်ပေါ်လာနေပြီး နတ်မင်းအပေါင်းဟာ ကြည့်နေရင်း ကြည့်နေရင်း မျက်လုံးတွေ ပြူးပြူးလာကုန်ကြကာ တချို့ဆို ပါးစပ်အဟောင်းသား ပွင့်နေကုန်ကြတယ် ။

အဲဒီ အလျှံညီးညီး မိစ္ဆာ ခံတပ်မြို့ကြီးဟာ ပြိုကျသွားတာမဟုတ်ဘူး ။ ၎င်းဟာ မတူညီတဲ့ အစိတ်အပိုင်းတွေ အဖြစ် ကွဲထွက်သွားပြီးနောက် သူ့ဟာသူ ပြန်တည်ဆောက်လိုက်တာပဲ !

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now