227-မိစ္ဆာနတ်မင်း မင်းနေပြည်တော်ပေါ်သို့ ဆင်းသက်လာခြင်း

554 76 1
                                    

|| ငရဲမီးတောက်များတောက်လောင်လျှက်ရှိသော မိစ္ဆာနတ်မင်း မင်းနေပြည်တော်ပေါ်သို့ ဆင်းသက်လာခြင်း [ အပိုင်း [ အပိုင်း ၂ ] ||

" အရှင်မိုးနတ်သမီး !" ရှဲ့လျန်က လှမ်းခေါ်လိုက်တယ် ။

မိုးအရှင်သခင်ဟာ နွားထီးမည်းကြီးကို စီးပြီး ခေါင်းကို မော်ထားရင်းက သူ့ကို အသာအယာ ခေါင်းညိတ်ပြပြီး လှမ်းနှုတ်ဆက်လာတယ် ။ ဖေမင်ကတော့ သူမရဲ့နောက် နွားထီးကြီးပေါ်မှာ ပါလာပြီး မီးပြင်းလောင်ခံ
ရ ၊ မိုးသည်းထဲနစ်ခံရနဲ့ ရေထဲကျတဲ့ ကြက်ပမာ တစ်ကိုယ်လုံးရွှဲရွှဲစိုနေတယ် ။ သူ့ဆံပင်တွေက လုံးဝ ဖရိုဖရဲနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတော့တယ် ။ မှုန်တိမှုန်မွှားနဲ့ မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ သူ့ကို ဆီးဖမ်းပေးခဲ့တာ မိုးအရှင်သခင်မှန်း ဖေမင်သိလိုက်ရတယ် ။ တစ်ဖက်လူက နွားထီးကြီးကိုသာ အရုံစူးစိုက်စွာ မောင်းနှင်နေခဲ့ပြီး သူ့ကို လုံးဝလှည့်မကြည့်ပေမဲ့ သူ့ရဲ့ သပ်ရပ်ခန့်ညားခြင်း မရှိတဲ့ လက်ရှိအခြေအနေကို အားလုံးရှေ့မှောက် ဖော်ထုတ်ခံလိုက်ရမှုကြောင့် ဖေမင်ဟာ အတော်လေး အရှက်ရသွားပြီး ချက်ချင်း ထထိုင်လိုက်တယ် ။

" မိုး....."

ဒါပေမဲ့ သူ့ပါးစပ်ဟလိုက်တဲ့ အခိုက်အတန့် ပါးစပ်ထဲကနေ အနက်ရောင် မီးခိုးကွင်းတစ်ကွင်း ထွက်သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ ။

ရုံကွမ်က ဒေါသထွက်စွာနဲ့ ပြောတယ် ။

" မိန်းမတစ်ယောက်က လာကယ်တင်ပေးခံရတာတောင် ယွီရှီးဟွမ် ဖြစ်နေလိုက်သေးတယ် .. ဖေမင် မင်း မရှက်ဘူးလား !"

ဖေမင်တစ်ယောက် အာရုံနောက်သွားပြီး ပါးစပ်ကိုဟလိုက်တဲ့အခါ နောက်ထပ် အနက်ရောင် မီးခိုးကွင်းတွေ ဆက်တိုက်ထွက်လာတယ် ။

" မင်းပါးစပ်ပိတ်ထားလို့မရဘူးလား !"

တစ်ဖက်မှာ ဖေရှို့နဲ့ ပန့်ယွဲ့တို့ဟာ ကောင်းကင်ပေါ်ကနေ မြေပြင်ပေါ် အေးအေးလူလူ ဆင်းသက်လိုက်တဲ့ မိုးအရှင်သခင်ကို ဆီးကြိုပြီး ဖေမင်ကို ထူပေးကြတယ် ။ တစ်ဖက်မှာ မိစ္ဆာမီးလျှံဘီလူးကြီးရဲ့ ကိုယ်ပေါ်က အရာအထောင်ချီတဲ့ ကျောက်ဆိုင်ကျောက်တုံးများစွာဟာ တရှိန်ထိုး လှိမ့်ဆင်းကျလာကုန်ပြီ ။ ပြုတ်ကျလာတဲ့ ကျောက်တုံးတွေပေါ်မှာ တဟုန်းဟုန်းတောက်လောင်နေတဲ့ မီးလျှံတွေ လောင်ကျွမ်းနေဆဲဖြစ်ပြီး မြေကြီးပေါ်ကို ကြယ်ဥက္ကာမိုးပမာ လျင်မြန်စွာ တရှိန်ထိုး ပြုတ်ကျလာနေတယ် ။

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Wo Geschichten leben. Entdecke jetzt