211-လမ်းဆုံလမ်းခွများ

582 71 0
                                    

|| လမ်းဆုံလမ်းခွများ ၊ ကောင်းကင်ဘုံမြို့တော်၏ မြေအောက်မှ စိတ်နှလုံးထိတ်လန့် ချောက်ချားမှု ||

ရော့ယယ်ဟာ သူ့ရဲ့ လက်ကောက်ဝတ်ကနေ သူ့ဟာသူ ပြေကျလာခဲ့ပြီး အသင့်စောင့်နေခဲ့ပြီးပြီ ။ ဒါပေမဲ့ တစ်ဖက်လူက ဘယ်သူလဲဆိုတာကို ရှဲ့လျန်သေချာမြင်ပြီးတဲ့နောက် စစ်အလံကိုလှဲချကာ စစ်စည်သံကို ရပ်စဲလိုက်သည့်နှယ် တည်ငြိမ်သွားတော့တယ် ။

ရှဲ့လျန်ကပြောလိုက်တယ် ။

" သင် ... ယင်ယွိ ?"

ကြမ်းပြင်ပေါ်မှာ ဘယ်အချိန်ထဲကမှန်းမသိ လူနှစ်ယောက်လောက်ဝင်လို့ရနိုင်လောက်တဲ့ ဧရာမအပေါက်ကြီးတစ်ပေါက် ရှိခဲ့တယ် ။ ယင်ယွိဟာ အဲဒီအပေါက်ထဲကနေ ကိုယ်တစ်ပိုင်းထွက်နေပြီး လက်ထဲမှာ ချွန်မြတဲ့ ဂေါ်ပြားတစ်ခုကို ကိုင်ထားခဲ့တယ် ။ သူက စိတ်အေးသွားသလိုနဲ့ လေတစ်ချက်မှုတ်ထုတ်လိုက်ပြီး ချွေးသုတ်လိုက်ရင်း ပြောတယ် ။

" အိမ်ရှေ့စံ အရှင့်သား ကျွန်တော်ပါ ... တော်သေးတာပေါ့ နေရာမှား မတူးမိလို့ ... အမြန်သွားရအောင်!"

ယင်ယွိရဲ့ လက်ထဲမှာ သိဒ္ဓိဝင်နတ်လက်နက်___ မြေအရှင်သခင်ရဲ့ ရတနာဂေါ်ပြား ရှိနေသေးတာကို သူတကယ် မေ့လျော့နေခဲ့တာပဲ ! ဒါဆို အဲဒီ လက်နက်က သိမ်းဆည်းမခံလိုက်ရဘူးပေါ့ ။ တကယ်ကို ကောင်းကင်ဘုံက သူ့ကို ကူညီစောင်မလိုက်တာပဲ ! ကြည့်ရတာ တစ်ခါတစ်လေတော့လည်း တည်ရှိမှုကို သိပ်မသိနိုင် ၊ သိပ်မခံစားမိနိုင်တာက ကောင်းတဲ့ ကိစ္စမျိုးပဲ ထင်တယ် ။ ဥပမာ တိုက်ပွဲရဲ့ အရှုပ်အထွေးအလယ်မှာဆိုရင် ရန်သူဟာ အဲဒီသူကို သွားရောက် မတိုက်ခိုက်မှာသေချာတယ် ။ ဒါပေမဲ့ တစ်ဖက်က စဉ်းစားမယ်ဆိုရင်တော့ ကိုယ့်တပ်သားက ကိုယ့်ကို မတော်တဆအနေနဲ့ ပြန်ပြီး ထိခိုက်အောင် လုပ်မိနိုင်လောက်တယ် ။ ရှဲ့လျန်က သူ့ကို ဆွဲထုတ်ဖို့ လက်လှမ်းလိုက်တော့မဲ့ဆဲဆဲ ရုတ်တရက် သူ့ကိုယ်ခန္ဓာက သူ့ဆန္ဒမပါဘဲ နောက်တစ်လှမ်းဆုတ်သွားခဲ့တယ် ။

ယင်ယွိက ကြောင်အမ်းသွားပြီး မေးတယ် ။

" အိမ်ရှေ့စံ အရှင့်သား ? ဘာဖြစ်လို့လဲ ?"

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)حيث تعيش القصص. اكتشف الآن