242-ထိုက်ချောင်းတောင်ထွတ်ဝယ် ထောင်ချီသော ကိစ္စဝိစ္စများငြိမ်သက်သွားခြင်း

684 69 0
                                    

|| ထိုက်ချောင်းတောင်ထွတ်ဝယ် ထောင်ချီသော ကိစ္စဝိစ္စများငြိမ်သက်သွားခြင်း ||

ရုတ်တရက်ဆိုသလို ကောင်းကင်ဘုံ နတ်မင်းအားလုံးရဲ့ အမူအရာတွေက ဖေမင်ထက်တောင် ပိုထူးဆန်းသွားကုန်ကြတယ် ။

အဖြူရောင်ဝတ်ရုံနဲ့ ကျင့်ကြံသူဟာ နှုတ်ဆက်လာတာကို ပြန်တုံ့ပြန်လိုက်တယ် ။ သူ့ရဲ့ မျက်နှာထားက တည်ငြိမ်အေးဆေးစွာနဲ့ ။ သူ့ရဲ့ ဟန်အမူအရာဟာလည်း ဖော်ဖော်ရွေရွေ နဲ့ ရည်ရည်မွန်မွန်ရှိတယ် ။ သူက ရှဲ့လျန်ပဲ ။ အားလုံးက သူ့ကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြတယ် ။

" အိမ်ရှေ့စံ အရှင့်သား"

"အရှင့်သား"

သူတို့ရဲ့ အမူအရာတွေနဲ့ စကားလုံးတွေဟာ အင်မတန် သတိကြီးကြီး ယဉ်ယဉ်ကျေးကျေး ရည်ရည်မွန်မွန်ရှိကြတယ် ။ ရှဲ့လျန်ကလည်း အားလုံးကို မွန်ရည်စွာနဲ့ နှုတ်ဆက်လိုက်ပြီး ရှေ့ထွက်ကာ ကြိုဆိုလိုက်တယ် ။

"အရှင်မိုးနတ်သမီး"

မိုးအရှင်သခင်ဟာ တုတ်ခိုင်သန်မာတဲ့ စောင့်ရှောက်သူ စီးတော်နွားထီးကြီးရဲ့ ဇက်ကြိုးကိုဆွဲရင်း ယာယီတဲလေးရှေ့ကို ရောက်လာတယ် ။ သူမက သူတို့ဘက်ကို ခေါင်းလေး အသာအယာ စောင်းငဲ့ရင်း နှုတ်ဆက်သမျှပြုလိုက်တယ် ။

နွားထီးမည်းကြီးရဲ့ ကျောပေါ်မှာ သေတ္တာကြီး ‌သေတ္တာကြီးတွေနဲ့ ဒေသထွက်ကုန်တွေပါလာပြီး အထူးတလည် လာရောက်ပို့ဆောင်ပေးတာ ဖြစ်တယ် ။ အဲဒီ ဒေသထွက်သီးနှံတွေကို စားသုံးရင် ဝိညာဉ်စွမ်းအားကို ပြုစုအားမွေးရာမှာ မယုံကြည်နိုင်လောက်အောင် ထူးခြားတဲ့ အာဟာရဓာတ်မျိုး ရရှိနိုင်တယ်လို့ ဆိုကြတယ် ။ ဒီအကြောင်းကို ကောင်းကင်ဘုံ နတ်မင်းတွေ ကြားတဲ့အခါ တစ်ဖွဲ့က စိတ်လှုပ်ရှားစွာနဲ့ ရှေ့တိုးသွားပြီး ခွဲဝေယူကြတယ် ။ မလှုပ်မယှက်ရှိနေတဲ့ တစ်ဖွဲ့လည်း ရှိပြီး ရှဲ့လျန်က သူတို့ထဲက တစ်ယောက်ပဲ ။

မိုးအရှင်သခင်က ပြောတယ် ။

" အိမ်ရှေ့စံ အရှင့်သားကို ပေးဖို့ တခြားပစ္စည်းတစ်ခု ယူလာခဲ့တယ်"

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now