209-ရုတ်ရုတ်သဲသဲ ကောင်းကင်ဘုံမြို့တော်

896 125 5
                                    

|| ရုတ်ရုတ်သဲသဲ ကောင်းကင်ဘုံမြို့တော် ၊ ကောင်းကင်ဘုံ ရုံးတော်ကို ရိုက်ခတ်သွားသည့် ဂယက်ဆန်းဆန်း [ အပိုင်း ၁ ] ||

ဒီလို ကျောရိုးထဲထိ စိမ့်တက်သွားလောက်တဲ့ ကြက်သီးမွှေးညှင်းထဖွယ် ချောက်ချားမှုမျိုးကို ရှဲ့လျန် မခံစားခဲ့ရတာ နှစ်ရာနဲ့ချီရှိနေခဲ့ပြီ ။

မေနျဲ့ချင်းက ပိုင်ဝူရှန်းဟာ သူ့ရှေ့တည့်တည့်မှာ ရပ်နေတယ်လို့ ပြောခဲ့ပြီး သူ ပထမဦးဆုံး ထင်လိုက်မိတာက သူ့ကိုယ်သူလို့ပဲ ။ ဒါပေမဲ့ မေနျဲ့ချင်းရဲ့ရှေ့မှာ သူကိုယ်တိုင်အပြင် သူ့ရဲ့နောက်မှာ ကျွင်းဝူလည်း ရှိနေသေးတာကို သူမေ့လျော့နေခဲ့တယ် ။

တကယ်တော့ အဲဒီသူကို သူတစ်ခါမှ သံသယမဖြစ်မိတာလည်းပါတယ် ။ ဒါကြောင့် အဲဒီအခိုက်အတန့်မှာ အသည်းအသန် လန့်ဖျပ်သွားပြီး ရုတ်ခြည်း သူ့တစ်ကိုယ်လုံး မွေးညှင်းတွေ ထောင်ထသွားခဲ့ရတော့တယ် ။ ရှဲ့လျန်ဟာ အနည်းငယ် ရုန်းထွက်လိုက်ပေမဲ့ အဲဒီလက်ရဲ့ ဆုတ်အားက အတော်လေး အားကြီးလွန်းပြီး သူ့ကို တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထားတာကြောင့် တုတ်တုတ်မျှ မလှုပ်နိုင်ခဲ့ဘူး ။

သူက စိတ်ကိုထိန်းချုပ်မထားနိုင်ခဲ့ဘဲ ပြောထွက်သွားခဲ့တယ် ။

" သင်.... သင့်မျက်နှာက ..."

ကျွင်းဝူရဲ့ လေသံက စိုးစဉ်းမျှ အမှုမထားသလိုပဲ ။ သူက မဖြစ်စလောက် အသေးအဖွဲ့ ချို့ယွင်းမှုလေးကို သတိထားမိလိုက်သလိုဟန်မျိုးနဲ့ ပြောလာတယ် ။

" အာ .. ဂရုမစိုက်မိတဲ့ ခဏလေးကို သူတို့က ထွက်လာကြပြန်ပြီ "

အသည်းခိုက်လောက်တဲ့ နာကျင်မှု နောက်တစ်လှိုင်းက ရှဲ့လျန်ရဲ့ လက်ကောက်ဝတ်ကနေ ထိုးတက်လာပြီး နောက်ဆုံးတော့ ဓားလက်ကိုင်ရိုးကို ဆက်ဆုတ်ကိုင်မထားနိုင်တော့ဘဲ လွှတ်ချလိုက်ရတော့တယ် ။

ဓားရှည်ဟာ ချွင်ခနဲ ကြမ်းပြင်ပေါ် ကျသွားပြီး ခန်းမဆောင်ကြီးထဲ ပဲ့တင်ထပ်သွားခဲ့တယ် ။ ဒါပေမဲ့ သိပ်ကို နောက်ကျသွားခဲ့ပြီ ။

အနီးအနားမှာရှိနေကြတဲ့ နတ်မင်းအများစုဟာ ရှဲ့လျန်လိုပဲ ဟုန်ကျင့်ဆီမှာ ရောင်ပြန်ဟပ်ထင်လာခဲ့တဲ့ ထိတ်လန့်ချောက်ချားဖွယ်ရာ မျက်နှာကို မြင်လိုက်ကြရတယ် !

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Tahanan ng mga kuwento. Tumuklas ngayon