199-မိုးမြေတခွင်မားမားမတ်မတ် ရပ်တည်နေသည့် နတ်မင်း ၊ကြေးနီဖိုမှဖောက်ထွက်ခြင်း

3.5K 142 1
                                    

|| မိုးမြေတခွင် မားမားမတ်မတ် ရပ်တည်နေသည့် နတ်မင်း ၊ ကြေးနီဖိုမှ ဖောက်ထွက်ခြင်း [ အပိုင်း ၁ ] ||

ရှဲ့လျန်ဟာ အေးစက်တဲ့ မြေပြင်ပေါ်မှာ လဲကျနေတယ် ။ သူ့မျက်နှာပေါ်မှာ တစ်ခြမ်းက ငိုကြွေးနေပြီး တစ်ခြမ်းက ရယ်မောနေတဲ့ ဝမ်းနည်းဝမ်းသာ မျက်နှာဖုံးက ဖုံးအုပ်ထားဆဲပဲ ။ ပိုင်ဝူရှန်းဟာ သူ့ဘေးမှာ ရှိနေခဲ့ပြီး သူနဲ့ တစ်ထပ်တည်း တူညီနေတဲ့ သူ့ရဲ့ပုံစံကို သဘောကျ ရှူစားနေဟန်တူတယ် ။

အဲဒီ ဝမ်းနည်းဝမ်းသာ မျက်နှာဖုံးဟာ ရှဲ့လျန်ရဲ့ မျက်နှာပေါ်မှာ ထူးခြားတဲ့ စွမ်းအားတစ်ခုနဲ့ တင်းတင်းကျပ်ကျပ်ဖိကပ်ထားပြီး သူဘယ်လိုပဲကြိုးစား ဖြုတ်ချ ဖြုတ်ချ ဖြုတ်မရနိုင်ခဲ့ဘူး ။

ပိုင်ဝူရှန်းက ပြောတယ် ။

" ဆက်ပြီး တပ်ထားစမ်းပါ ... အလဟဿ ရုန်းကန်မနေနဲ့... မင်း ထွက်သွားချင်တာလား ?မင်း ငါ့ရဲ့ လမ်းညွှန်ချက်တွေအတိုင်းလိုက်နာသ၍ ဒီ ကြေးနီဖိုထဲကနေ အလွယ်လေး ဖောက်ထွက်သွားနိုင်မှာပဲ "

ရှဲ့လျန်က သူ့ကို မရှိသယောင် ပြုထားလိုက်တယ် ။

ပိုင်ဝူရှန်းဟာ ရှဲ့လျန်ရဲ့ အထင်အမြင်သေးခြင်းကို အမြဲတစေ ခံယူရပေမဲ့ သူက ဘယ်တော့မှ လက်မလျော့ဘူး ။ သူက သက်ပြင်းချလိုက်ပြီး ပြောလာပြန်တယ် ။

" ငါတို့က အစွမ်းအထက်ဆုံး ဆရာတပည့် .. အကောင်းဆုံး မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်လာနိုင်တဲ့သူတွေလေ ... မင်းဘာကြောင့် ဒီလောက်တောင် နွံနာလိုစိတ်မရှိဘဲ ပုန်ကန်ချင်နေရတာလဲ?"

ရှဲ့လျန်က နောက်ဆုံးတော့ လျစ်လျူရှုထားတာကို ရပ်တန့်လိုက်ပြီး ရွံရှာမုန်းတီးစွာနဲ့ ပြောလိုက်တယ် ။

" ဘဝရဲ့ လောကဓံတွေအားလုံးကို ကျော်ဖြတ်ခဲ့ရလို့ အတွေ့အကြုံကြွယ်ဝရင့်သံနေပြီး လူစိတ်ကို ထွင်းဖောက်မြင်နိုင်သလိုမျိုးနဲ့ လေသံနဲ့ ငါ့ကို လာဩဝါဒပေးနေတာကိုလျှော့.... မင်းလိုဆရာမျိုး မိတ်ဆွေမျိုး ငါလုံးဝမလိုချင်ဘူး "

သူ့ရဲ့ ရွံရှာစက်ဆုပ်မှုတွေက သိပ်ကို သိသာထင်ရှားလွန်းတယ် ။ ပိုင်ဝူရှန်းက သရော်တော်တော် ရယ်လိုက်ပြီး ပြောတယ် ။

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now