Chapter 52

972 144 11
                                    

Unicode

အခန်း {၅၂}

ခွဲခွာခဲ့သောမွေးရပ်မြေ

နှစ်လပိုင်းအလယ်။

တောင်ပိုင်းသို့ တိုင်းခန်းလှည့်သည့်အဖွဲ့သည် ကျန်းနန်၏မြို့တော်ကျင်ကျိုးသို့ရောက်ရှိ၏။ ဤနေရာသည် တာ့ယန်မင်းဆက် အဆက်ဆက်မဖြစ်မနေတိုင်းခန်းလှည့်ရမည့် နေရာပေတည်း။ ရှေးနှစ်ပေါင်းရာကျော်ကတည်းက တည်ဆောက်ခဲ့သည့် ယာယီနန်းတော်ဟာ ရှုမျှော်ခင်းတွေအလှပဆုံးမြစ်ကမ်းနံဘေးတွင် တည်ရှိသည်။ လွန်ခဲ့တဲ့သုံး‌လလောက်ကတည်းက ဘုရင်မင်းမြတ်တိုင်းခန်းလှည့်မည့်အမိန့်တော်ချပြီးနောက် ပြန်လည်မွမ်းမံခြင်းများ ပြုလုပ်ခဲ့ကြပြီး ပြည့်ရှင်မင်းအား လှိုက်လှဲပျူငှာစွာကြိုဆိုဖို့ စောင့်ဆိုင်းနေခဲ့ကြသည်။

ကျန်းနန်ရှိ အရာရှိကြီးငယ်မရွေးအကုန်လုံး ဘုရင်မင်းမြတ်အား လာရောက်ဂါရဝပြုကြိုဆ်ိုကြသည်။ ကျူ့ယွင်ရွှမ်းမှာ အနှီလူများအပေါ် ထောက်ထားခြင်းအလျဉ်းမရှိ။ နိုင်ငံရေးအောင်မြင်မှုများကိုဆန်းစစ်ခြင်း၊ အုပ်ချုပ်ရေးပြန်လည်စီမံပြီး ရက်အနည်းငယ်ကြာပြီးနောက် အရာရှိအများအပြားအား ထုတ်ပယ်ခြင်း သို့မဟုတ် ရာထူးတိုးခြင်း၊ ပြောင်းရွှေ့ခြင်းများကိုပြုလုပ်ခဲ့သည်။ ယင်းသည် တောင်ပိုင်း၌ ဇိမ်နှင့်နေထိုင်နေကြသည့် အာဏာရှင်များအား ပြင်းထန်သောခြိမ်းခြောက်မှုကြီးပေတကား။

ကျူ့ယွင်ကျင်နှင့် ဟယ့်ဟွိုင်လင်တို့မှာ သုံးရက်အကြာ၌ရောက်လာခဲ့သည်။ ဟယ့်ဟွိုင်လင်သည် မင်ယွဲ့ဒေသ၏ ရေတပ်စစ်ဦးစီးချုပ်ဖြစ်ပြီး မင်ကျိုးမှ ကျန်းနန်သို့ အလျင်အမီလာကာ ဘုရင်မင်းမြတ်ထံလျှောက်တင်၏။ ကိစ္စအဝဝပြောပြီးသွားလျှင် မိသားစုနေ့စဉ်ဘဝအကြောင်းကို အာလာပသလ္လာပပြောကြလေသည်။

မတွေ့ရတာသုံးနှစ်ရှိချေပြီ။ ကျူ့ယွင်ကျင်သည်ကား ယခုအခါမှာမူ အနှောင်အဖွဲ့ကင်းပြီး အားမာန်တက်ကြွလျက် ပျော်ရွှင်ချမ်းမြေ့ကာ နေ့ရက်တွေကိုကောင်းမွန်းစွာဖြတ်သန်းနေ၏။ သည်တစ်ခေါက် ဟယ့်ဟွိုင်လင်နှင့်အတူ တပါတည်းလိုက်လာပြီး သားကြီးယွမ်ပေါင်ကိုသာ ခေါ်လာခဲ့သည်။ သားဖသုံးယောက်သား လိုက်ဖက်ညီစွာပျော်ရွှင်ကြည်နူးနေကြ၏။ ကြည့်ရင်း လူကိုတကယ်ပင် မနာလိုအားကျစေသည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now