Chapter 19

1.1K 140 7
                                    

Unicode

အခန်း {၁၉}

အနိုင် သို့မဟုတ် အရှုံး



ကျူ့ယွင်ရွှမ်းသည် ဘုရင်မင်းမြတ်ဟူသည့် ဖြစ်တည်မှုအား မေ့လျော့ကာ "ငါ" ဟု ကိုယ်တိုင်သုံးနှုန်းချိန်တိုင်းဟာ သူ၏စိတ်အခြေအနေသည် ဟိုးအောက်ဆုံးထိ ကျဆင်းနေသည့်အချိန်အခါဖြစ်ပေ၏။ လျန်ကျန်းသည် စကားတစ်ခွန်းမှမဆိုဘဲ ပြုံးလျက်ရှေ့ဆက်လျှောက်သွားလေသည်။

မသိလိုက်ချိန်မှာပင် သူတို့သည် တောင်အနောက်ဘက်သို့ ရောက်နေပြီဖြစ်ရာ တသွင်သွင်စီးဆင်းနေသည့် စမ်းချောင်းလေးဘေး၌ ရပ်လိုက်ကြသည်။

ဤအချမ်းဓာတ်လွန်ကဲနေသည့် ဆောင်းရာသီမှာတောင် ထိုစမ်းချောင်းက ရေတွေသည် ခဲသွားခြင်းအလျဥ်းမရှိ အတော်လေးရှားပါးဖြစ်စဉ်ပင်။

လျန်ကျန်းသည် မုဆိုးဒူးထောက်ထိုင်လိုက်ပြီး လက်ခုပ်ဖြင့်ရေခပ်ကာ မော့သောက်လိုက်ပြီး ကျူ့ယွင်ရွှမ်းအား လှမ်းမေးလိုက်သည်။

"အရှင်မင်းကြီး စမ်းကြည့်မလား?"

ကျူ့ယွင်ရွှမ်း စိတ်ထဲဝေဝါးနေကာ သူ့စကားကိုမကြားလိုက်သည့်ပုံပင်။ လျန်ကျန်းသည် ရေကိုလက်ဖြင့်ခပ်ကာ ထရပ်လာပြီး သူ့နှုတ်ခမ်းဝနားတေ့ပေးလာသည့်အခါ ကျူ့ယွင်ရွှမ်းတခဏ မှင်သက်သွားရသည်။ အသိစိတ်မကပ်စွာဖြင့် သူ့လက်ထဲကရေကို တစ်ငုံသောက်လိုက်၏။

စမ်းချောင်းကရေသည် ချိုအေးမြပြီး ဆောင်းတွင်းမှာ သောက်ရတဲ့အရသာက တမူထူးကဲလှပေသည်။

လျန်ကျန်းကတော့ စောဏက ကျူ့ယွင်ရွှမ်း၏ နှုတ်ခမ်းသားလေးတွေနှင့် သူ့ရဲ့လက်ချောင်းတွေ အမှတ်မထင်ထိတွေ့မိလိုက်သည့် နူးညံ့တဲ့အထိအတွေ့ကို တွေးတောနေလေရဲ့။ မျက်ဝန်းထဲရှိ အပြုံးသည်နက်ရှိုင်းလာကာ....

"သောက်လို့ကောင်းလား?"

ကျူ့ယွင်ရွှမ်းသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့်

"ဘာလို့မအေးခဲရတာလဲ?"

"ဒီစမ်းချောင်းက ရေတွေက တောင်ခြေမှာရှိတဲ့ သဘာဝရေပူစမ်းကို ရေနွေးငွေ့အဖြစ်နဲ့ စီးဆင်းတာ။ ဆန်တက်တဲ့ရေတောင်မှ ဒီစမ်းချောင်းက ရေတွေအကုန်လုံးကို မအေးခဲနိုင်ဘူးလေ။"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now