Chapter 21

1.2K 122 12
                                    

Unicode

အခန်း {၂၁}

သွေးကဲ့သို့ဇီးပန်းပွင့်နီ

ညဦးယံအချိန်တောင် ကျော်လွန်သွားပြီဖြစ်သည်။ အိပ်ဆောင်ထဲတွင်လည်း ဖန်မီးအိမ်၏ အလင်းရောင်မှိန်ပျပျသာ ကျန်ရှိတော့ပြီး လျန်ကျန်း၏ နက်ရှိုင်းတောက်ပသော မျက်လုံးများကို ရောင်ပြန်ဟပ်နေသည်။ သူသည် အမြတ်နိုးဆုံး အဖိုးတန်ရတနာများကို ကိုင်တွယ်နေသကဲ့သို့ အာရုံအလုံးစုံသည် လက်ထဲရှိ လှုပ်ရှားမှုများ၌သာ။ သူမက်မောသည့် သွေးကြောလေးတွေထဲ ဖြည်းညင်းစွာထိုးစိုက်နေ၏။

ကောင်းအန်းသည် သလွန်ဘေးတွင် ဒူးထောက်ကာ အသံတိတ်ရှိုက်ငိုနေ၏။ သလွန်ပေါ်တွင်လည်း ကျူ့ယွင်ရွှမ်းသည် နှုတ်ခမ်းနှစ်လွှာကို ဖိကိုက်ထားလျက် မှောက်လျက်သား မလှုပ်မယှက်နှင့် လေအလုံအလောက်မရသည့်နှယ်။ ရှည်လျားသည့်ဆံနွယ်များသည်လည်း သူ၏မျက်လုံးများနှင့် မျက်နှာတစ်ဝက်ကို ဖုံးလွှမ်းနေကာ ခံစားချက်တွေအားလုံး မြိုသိပ်ထားရ၏။ လက်နှစ်ဖက်လုံးအား လက်သီးတင်းတင်းဆုပ်ရုံသာတတ်နိုင်ပြီး အနည်းငယ်မျှပင် တုန်ယင်နေသည်။

သွေးရောင်ကဲ့သို့ အနီရင့်ရင့်ဇီးပန်းပွင့်သည် ကျူ့ယွင်ရွှမ်း၏ ဖြူဖွေးဖွေးခါးသိမ်သိမ်ထက် တိတ်ဆိတ်စွာပွင့်လန်းနေပြီး တင့်တယ်လှပကာ အလွန်အမင်းညှို့ယူဖမ်း‌စားလျက်။

လျန်ကျန်းသည် သူ့ကိုယ်ပိုင်လက်ရာများအား စိတ်ကိုညှို့ယူစွာပျော်ရွှင်နေပြီး နှုတ်ခမ်းများသည် ကျေနပ်အားရစွာ ပြုံးနေလေသည်။

"တကယ်လှတယ်...."

ကျူ့ယွင်ရွှမ်းသည် သုံးရက်လုံးလုံးအဖျားတွေကြီးနေခဲ့ပြီး မူးနောက်နေကာ ထတောင်မထနိုင်သဖြင့် ညီလာခံလည်း ထုံးစံအတိုင်းရပ်ဆိုင်းလိုက်ရပြန်၏။ ကျမ်းဟွိုင်နှင့် ယန်ရှစ်ရွှယ်အပါအဝင် လေးငါးယောက်လောက် လာကြည့်ကြသော်ငြား ကန်းလင်နန်းတော်အပြင်ဘက်၌ တားဆီးခြင်းခံရလေသည်။ လျန်ကျန်းသည် တစ်လျှောက်လုံး သည်မှာရှိနေပြီး ကောင်းကောင်းအနားမယူနိုင်စွာဖြင့် သူ့အားစောင့်ရှောက်နေလေ၏။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now