Chapter 15

1.2K 150 7
                                    

Unicode

အခန်း{၁၅}

သူရဲဘောကြောင်ခြင်း


ကျူ့ယွင်ရွှမ်းသည် သုံးရက်ဆက်တိုက် ညီလာခံသို့မလာနိုင်ခဲ့ချေ။ ကျမ်းဟွိုင်သည် သူ့အားတွေ့ရန် အထူးတလည်တောင်းဆိုလာခဲ့ပြီး သူ၏ဖြူဖျော့နေသည့် မျက်နှာနှင့် တွန့်ချိုးနေသောမျက်ခုံးတို့အား မြင်လိုက်ရသဖြင့် အလွန်စိုးရိမ်သွားခဲ့၏။

ကျူ့ယွင်ရွှမ်းသည် သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး ဘာသိဘာသာပြောလိုက်၏။

"ကိုယ်တော်ဘာမှမဖြစ်ဘူး။"

ကျမ်းဟွိုင်သည် သူ့အားနှစ်သိမ့်စကားများပြည့်နှက်နေသော်ငြား ရုတ်တရက်ပိတ်သွားပြီး တွန့်ဆုတ်နေပြီးနောက် ဘာမှပြောမလာတော့။ ရာထူးခန့်အပ်ရေးရာနှင့် စစ်ဘက်ရေးရာဝန်ကြီးဌာနတို့က ရွေးချယ်ထားသည့် ကျင်းနန်တပ်ရင်း၏ ဒုစစ်ဦးစီးချုပ်စာရင်းအား သူ့ထံတင်ပြလိုက်သည်။

စာရင်းတွင်ပါသည့် အမည်အများစုမှာ မြို့တော်တပ်ရင်းနှစ်ရင်းလုံးရှိ စစ်အရာရှိချုပ်များဖြစ်သည်။ ကျူ့ယွင်ရွှမ်း၏ မျက်လုံးများသည် တစ်ခုပြီးတစ်ခု စစ်ဆေးနေပြီး အမည်တစ်ခုကိုမြင်လိုက်ရပြီးနောက် ခေတ္တရပ်ကာ ကျမ်းဟွိုင်အားမေးလိုက်၏။

"ဒီအမည်စာရင်းတွေကို ကျောင်းဝမ်..သူရောသိလား?"

"ရာထူးခန့်အပ်ရေးရာနဲ့ စစ်ဘက်ရေးရာဌာနတို့ရဲ့ သဘောကတော့ သူ့ရဲ့ထင်မြင်ချက်ကိုပဲ ဆုံးဖြတ်လိုက်ပုံပါပဲ။"

"ဒါဖြင့်ရင်လည်း အဲ့လိုပဲ‌လုပ်လိုက်တာပေါ့။"

ကျူ့ယွင်ရွှမ်းသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး စုတ်တံအားကောက်ယူကာ ထိုအမည်စာရင်းပေါ်ရှိ အမည်နာမအား စက်ဝိုင်းပုံရေးဆွဲလိုက်သည်။

ကျမ်းဟွိုင်ထွက်သွားပြီးနောက် ကောင်းအန်းသည် ရှေ့သို့ထွက်လာပြီး ကျူ့ယွင်ရွှမ်းအား တရိုတသေဖြင့် အစီရင်ခံလျှောက်တင်လေသည်။

"ကျောင်းဝမ်ရဲ့ လူယုံကလာပြီး အကြောင်းကြားတာက အရှင်မင်းကြီး မနက်ဖြန်ကျရင် သူ့ရဲ့အပန်း‌ဖြေအိမ်‌တော်ကိုသွားပြီး နွေဦးလမ်းလျှောက်ပွဲဆင်နွှဲဖို့ ဖိတ်ခေါ်တာပါတဲ့ ဘုရား။"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Wo Geschichten leben. Entdecke jetzt