Chapter 30

1.1K 128 8
                                    

Unicode

အခန်း {၃၀}

စွန့်လွှတ်စွန့်စားသည်ဟုခေါ်ဆိုရာဝယ်


ကျင်ရွေ့ ဒုတိယနှစ်ရဲ့ နွေရာသီဟာ သိပ်တော့မအေးချမ်းလှခဲ့။

ငါးလပိုင်းအကုန်လောက်၌ ယွိကျိုးမှ အရေးပေါ်အစီရင်ခံလွှာ ရောက်လာခဲ့လေသည်။ မြစ်ဝါမြစ် နေရာအတော်များများ တာတမံကျိုးကာ ရေကြီး‌ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ပြည်နယ်စီရင်စု ဆယ်စုကျော်၊ ပြည်သူပေါင်းထောင်ကျော် ထိခိုက်ခံစားခဲ့ရသည်။ နန်းတွင်းညီလာခံ၌ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် ငွေကြေးခွဲဝေပေးရန်အမိန့်ပေးခဲ့ပြီး အနီးနားပြည်နယ်စီရင်စုအသီးသီးရှိ ဒုက္ခသည်များအား ဆန်စပါးများအရေးပေါ်ခွဲဝေပေးရန်လည်း အမိန့်တော်ချခဲ့သည်။

ခြောက်လပိုင်းအလယ် ကပ်ဘေးဒဏ်မှ အနည်းငယ်သက်သာရာရခဲ့သည်။ မကြာလိုက် ယွိကျိုးလက်အောက်ရှိ စီရင်စုတစ်ခုမှ တခြားသတင်းတစ်ခု ထွက်ပေါ်လာခဲ့ပြန်၏။ တရားစီရင်ပိုင်ခွင့်နယ်နိမိတ်အတွင်း၌ ကပ်ရောဂါတစ်ခုပေါ်လာလေသည်။ ရွာတစ်ရွာမှအစပျိုးခဲ့ပြီး ယခုဆယ်‌ရက်ကျော်မြောက်၌ စီရင်စုတစ်ခုလုံးသို့ ပျံ့နှံ့နေပြီပင်။ ထို့အပြင် အဆက်မပြတ်ပျံ့နှံနေပြီး အပြင်ဘက်သို့ ဦးတည်လာနေလေပြီ။

ရေလွှမ်းမိုးပြီးနောက် ကပ်ရောဂါပေါ်ထွက်လာခြင်းဟာ ပုံမှန်သဘောတရားဖြစ်သော်ငြား ဤမျှအမြန်ကြီး ပျံ့နှံ့သွားလိမ့်မည်လို့တော့ ကြိုတင်မမျှော်လင့်ထားခဲ့။

မူလအစက ကပ်ရောဂါပေါ်ထွက်လာချိန် ဒေသခံရာဇဝတ်တရားသူကြီးသည် ဖုံးကွယ်ထားချင်သေးသည်။ ထိုတစ်ရွာလုံးကို လှည့်ပတ်စစ်ဆေးရန် ခြေသလုံးအိမ်တိုင်သမားတော်လေးငါးယောက်ကို သွားရောက်ကြည့်ရှုပြီး ဆေးဖက်ဝင်အပင်များဝေငှဖို့ရာ စေလွှတ်ခဲ့သည်။ မပြင်းထန်လှဟုထင်မိခြင်းပေ။

အနီးနားရွာတွေပြီးလျှင် လူတွေတစ်ယောက်ပြီးတစ်ယောက်ဖျားကာ တစ်ယောက်နှင့်တစ်ယောက်ကူးစက်သွားပြီး မကြာလိုက် စီရင်စုတစ်ခုလုံးထဲရှိ လူနှစ်သောင်းကျော် ခုနှစ်ဆယ်ရာခိုင်နှုန်းနီးပါး ပြိုလဲခဲ့၏။ ထိုစီရင်စုရာဇဝတ်တရားသူကြီးသည် သူရဲဘောလည်းကြောင်သေး သေရမှာလည်းကြောက်သည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now