Chapter 27

1.1K 133 13
                                    

Unicode


အခန်း {၂၇}

မင်းက ကိုယ့်အပိုင်




ကန်းလင်နန်းတော်။

လျန်ကျန်း တံခါးမှဝင်လာချိန် အတွင်းဝန်ဌာန၏ အတွင်းဝန်မင်းများသည် လှပသည့်စာလိပ်များအား ကျူ့ယွင်ရွှမ်း ကြည့်ရှုရန်အတွက် လှန်လှောနေကြလေသည်။

တာ့ယန်မင်းဆက် တည်ထောင်ပြီးနောက် ကြင်ယာတော်ရွေးချယ်တင်မြှောက်ရာ၌ မိသားစုနောက်ခံသည် အလွန့်အလွန်အရေးကြီးလှပေ၏။ ဂုဏ်သရေရှိမိသားစုများနှင့် မှူးမတ်အရာရှိများ၏ ရွေးချယ်တင်မြှောက်ခံရသည့် အသက်ပြည့်ပြီးသမီးတော်များမှာ နောက်ထပ်သော ရွေးချယ်မှုအဆင့်ဆင့်ကို ကျော်ဖြတ်ရမည်ဖြစ်၏။ နောက်ဆုံး မိဖုရားခေါင်ကြီးပြီးလျှင် မိဖုရားနှင့် တော်ဝင်ကိုယ်လုပ်တော်များကို ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ရွေးချယ်တင်မြှောက်မည်။ ကျန်ရှိသည့်ကောင်းမွန်မှုများအား ဘုရင့်သားတော်၊ဘုရင့်မြေးတော်များနှင့် တော်ဝင်မိသားစုမှမင်းသားမင်းသမီးများထံ ပေးသနားမည်။

အမျိုးသားကြင်ယာတော်၊ အမျိုးသားကိုယ်လုပ်တော်တို့ တင်မြှောက်လို့ရသော်ငြား မိသားစုနောက်ခံရှိသည့် အိမ်တော်တစ်ချို့သည် ကိုယ့်သားကိုယ်တော့ သားသမီးမွေးပေးဖို့ဆန္ဒမရှိကြဘူးလေ။ ထို့ကြောင့် နန်းတော်ထဲ၌ ရွေးချယ်မှုထဲတွင် အမျိုးသားများမပါဝင်။

သေချာတာပေါ့။ ဘုရင်မင်းမြတ် ဘယ်အိမ်တော်ကသားကိုဖြစ်ဖြစ် မျက်စိကျသွားလို့ အနောက်ဆောင်ကိုသွင်းဖို့ ကြံရွယ်ရင်လည်း အဲ့ဒါကနောက်အယူအဆတစ်ခုဖြစ်မှာပေါ့လေ။

ယခုနန်းတော်ထဲမှာ မိဖုရားခေါင်ကြီးမရှိသေး။ မိဖုရားတင်မြှောက်ခြင်းကိစ္စအားလုံးက ကျူ့ယွင်ရွှမ်း ကိုယ်တိုင်ပေါ်ပဲမူတည်နေတာ။ အတွင်းဝန်ဌာနမှ အရာရှိများက သူ့နှစ်သက်မှုအား သေချာစိစစ်ပြီး သူ့ထံ သုံးရာကျော်သော မိန်းလှလေးများ၏ ပန်းချီပုံများအား ပို့ပေးလာသည်။ သူအကြမ်းဖျင်းကြည့်ပြီး အနည်းဆုံးလူတစ်ရာလောက်သာကျန်တော့သည်။ နောက်‌တော့ ထိုလူတွေသည် ‌သူ့ရှေ့မှောက်ပို့ခံရပြီး သူ့အားသေချာရွေးချယ်စေသည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now