Chapter 45

1.3K 136 26
                                    

Unicode

အခန်း {၄၅}

ဘုရင်မင်းမြတ် သားတော်လေး
ဖွားမြင်တော်မူပြီ



ကျူ့ယွင်ရွှမ်းဟာ ညကြီးအချိန်မတော် ရုတ်တရက်ကြီး ထဖောက်ခဲ့ပြီး ကျူ့ယွင်ကျင်မှာ သတင်းရရချင်း ညတွင်းချင်းပင် နန်းတော်ထဲသို့ ဖုတ်ပူမီးတိုက်ဝင်ရောက်၏။ ကျူ့ယွင်ရွှမ်းသည် သုံးနာရီကြာလောက် နာကျင်ခံစားခဲ့ရပြီး သတိရတစ်ချက် မရတစ်ချက်နှင့်ပင်။ သမားတော်ဖန်းမှာ အပ်စိုက်ကုသပေးနေရင်း ဇောချွေး‌များပျံနေခဲ့သည်။

ကျူ့ယွင်ရွှမ်းမှာ နာကျင်တာကြောင့် တစ်ကိုယ်လုံးကို ကျုံ့နိုင်သမျှကျုံထားကာ တုန်ယင်နေသည်ကိုမြင်လျှင် ကျူ့ယွင်ကျင်၏ မျက်လုံးတို့မှာ အရိုင်းဆန်သွား‌၏။

"ဒါဘယ်လိုဖြစ်တာလဲ!? အရှင်မင်းကြီး ညကတောင် သက်သာနေသေးတယ်လေ။ ရုတ်တရက်ကြီး ဘာလို့ဒီလိုဖြစ်ရတာဟမ်!?"

နောက်ဆုံး အပ်တစ်ချောင်းကို စိုက်လိုက်ပြီးနောက် ကျူ့ယွင်ရွှမ်း၏ ခန္ဓာကိုယ်တုန်ယင်နေတာဟာ ယခင်ကလောက် မပြင်းထန်တော့ဘဲ သလွန်ထက်ခွေယိုင်ကျသွားတော့သည်။ သမားတော်ဖန်းသည် နဖူးကချွေးတွေကို သုတ်လိုက်ပြီး ကျူ့ယွင်ကျင်ကို ပြောလိုက်သည်။

"မြို့စားအရှင် အရှင်မင်းကြီးကမွေး....မွေးတော့မှာ ဖြစ်နိုင်တယ်။ လောင်ချန် အရှင်မင်းကြီးကို အပ်စိုက်ပေးထားပေမဲ့ ဆွဲပဲဆန့်ထားနိုင်တာပါ။ ကလေးကိုသာ မထုတ်ရင် အရှင်မင်းကြီးနဲ့ မင်းသားလေး နှစ်ယောက်လုံး အသက်အန္တရာယ်ရှိနိုင်ပါတယ်။"

အမျိုးသားတစ်ယောက် ကလေးမီးဖွားတာက သာမန်အမျိုးသမီးတွေနဲ့ မတူဘူးဆိုတာ ကျူ့ယွင်ကျင် အသေအချာသိသည်။ ဖရဲသီးဟာ မမှည့်သေးရင် ပင်စည်ကနေဘယ်လိုပဲနုတ်နုတ် နုတ်လို့မရပေ။ သူကိုယ်တိုင်စတင်ပြီးမှသာ ဖြတ်ထုတ်နိုင်မှာ။ သေချာပေါက် ကလေးက "မစောင့်နိုင်တော့ဘူး" ဆိုလျှင် စောစီးစွာမွေးဖွားသည့် အခြေအနေတွေလည်းရှိသည်။ ဤအချိန်မှာ ကလေးကို နှောင့်နှေးခြင်းမရှိဘဲ ဖယ်ထုတ်ရမှဖြစ်မှာပင်။ မဟုတ်ပါက အသက်နှစ်သက်လုံး ဆုံးရှုံးသွားရနိုင်၏။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now