Chapter 33

1K 129 8
                                    

Unicode

အခန်း {၃၃}

မြစ်ကြောင်းစီမံရေးအငြင်းပွားမှု


ရှစ်လပိုင်းအကုန်လောက်၌ ကျူ့ယွင်ကျင်၏ တမ်းတလွှာနှင့် ဆက်ခံသူတင်မြှောက်မည့် ရွှေပေလွှာတို့ ကျူ့ယွင်ရွှမ်းထံရောက်လာခဲ့သည်။ ကျူ့ယွင်ကျင်၏ ဒုတိယသားတော်သည် တစ်လပြည့်သွားလေပြီပင်။ တူတော်လေးမွေးဖွားလာမှုအတွက် ကျူ့ယွင်ရွှမ်းသည် ဆုတော်လာဘ်တော်‌‌တို့ အများကြီးပေးသနားခဲ့၏။ ထိုတစ်ခေါက်တွင် ကိုယ်ပိုင်ဘဏ္ဍတော်တိုက်ကိုဖွင့်လှစ်ခဲ့ပြီး ပစ္စည်းကောင်းတွေရွေးထုတ်ကာ ပို့ပေးခဲ့လေသည်။

ကျူ့ယွင်ရွှမ်းသည် ဝမ်းသာအားရစွာဖြင့် စုတ်တံကိုကောက်ယူလျက် အမိန့်တော်ကိုရေးဆွဲတော့သည်။ ဘေးဘက်ရှိ လျန်ကျန်းက ရုတ်တရက် ခပ်ဟဟရယ်လိုက်ပြီး သူ့အားမေးလာသည်။

"အရှင်မင်းကြီး၊ မြို့စားမင်း (ကျူ့ယွင်ကျင်) ရဲ့သားက ခုမှမွေးလာတုန်းရှိသေးတာကို အရှင်က သူ့ကိုဆက်ခံခိုင်းတော့မယ်။ အဲ့ဒါဆို အရှင့်ဗိုက်ထဲက ဒါလေးကရော?"

ကျူ့ယွင်ရွှမ်း စုတ်တံကိုင်ထားသည့်လက်တို့ ရပ်တန့်သွားပြီး နှုတ်ခမ်းထောင့်ရှိအပြုံးတို့မှာ တဖြည်းဖြည်းမှိန်ကျသွား၏။ အမိန့်တော်ရေးဆွဲသွားပြီးသည့်တိုင် လျန်ကျန်းအား အဆုံးထိခွန်းတုံ့မပြန်။

‌ကျောက်စိမ်းတံဆိပ်တော်ထုထားသည့် တော်ဝင်အမိန့်တော်အား အလေးအနက်ထားစွာကြည့်နေရင်း လျန်ကျန်း ထပ်မေးလိုက်သည်။

"တင့်ယွမ်အမတ်မင်းမှာ အခုဆိုသားတော်နှစ်ပါးရှိတယ်။ သားကြီးက အမတ်မင်းဆက်ခံသူ။ သားငယ်က မြို့စားမင်းဆက်ခံသူလေ။ အဲ့လိုတွက်ရင် ညီအစ်ကိုဖြစ်ရတာကလည်း ဆုံးရှုံးမှုတွေနဲ့ ရော နောင်အနာဂတ်မှာ မသင့်မမြတ်တွေဖြစ်လာမှာ မဟုတ်လား? အဲ့လိုဆိုတော့ ဒီလောကမှာ ရှိရှိသမျှလူတိုင်းက အရှင်မင်းကြီးနဲ့ မြို့စားမင်းလို ညီနောင်ကြားက နက်ရှိုင်းတဲ့မေတ္တာမျိုး ရှိလာနိုင်မှာမဟုတ်လောက်ဘူးနော်။"

ကျူ့ယွင်ရွှမ်း ခပ်ရေးရေးမျက်မှောင်ကျုံ့လိုက်၏။ လျန်ကျန်းရဲ့ အနှီရွဲ့စောင်းနေတဲ့အသံအနေအထားက တမင်သူ့ကိုစော်ကားနေမှန်းသိပေမဲ့ ထိုစကားတွေက ယုတ္တိမရှိတာ‌တော့မဟုတ်ဘူး။ သူလေးလေးနက်နက်စဉ်းစားပြီး ပေါ့ပါးစွာပြောလာသည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now