Chapter 46

1K 127 17
                                    

Unicode

အခန်း {၄၆}

ကြေကွဲဖွယ်ရာ


ကန်းလင်နန်းတော်။

ကျူ့ယွင်ရွှမ်းမှာမူ သလွန်ထက်လှဲလျောင်းရင်း အိပ်ပျော်သွားသည့်ပုံပင်။ ကျူ့ယွင်ကျင်သည်ဝင်လာပြီး တစ်ချက်သာကြည့်၍ ကြာကြာမနေဘဲ ပြန်လှည့်ကာ အရံနန်းဆောင်ဘက်သို့သွားလေ၏။

မင်းသားငယ်လေးမှာ တစ်ကိုယ်လုံးကို ငွေအပ်များဖြင့်စိုက်ထားပြီး ဆေးကန်ထဲစိမ်ထားရရှာဆဲ။ နို့ထိန်းအမေက သတိဝိရီယဖြင့်ချော့မြူလျက် သမားတော်ဖန်းသည် တဖက်၌ဒူးထောက်ကာ ကလေးငယ်ကိုယ်ထက် မရပ်မနားအပ်စိုက်ကုသနေတုန်းပင်။

ကလေးလေး‌မွေးဖွားလာတာ ရက်ပေါင်းနှစ်ဆယ်ကျော်ပြီဖြစ်ရာ အပ်စိုက်ကုထုံးနှင့် ဆေးရည်စိမ်ပေးခြင်းကို နေ့တိုင်း အနည်းဆုံးနှစ်နာရီကြာအောင် ပြုလုပ်ပေးရမည်ဖြစ်၏။ ကလေးငယ်လေး၏ နုနုနယ်နယ်ခန္ဓာကိုယ်လေးဟာ အပ်ပေါက်ရာတွေနှင့် ပြည့်နှက်နေပြီး သိပ်ကိုသနားစရာကောင်းနေပေမဲ့လို့ ဒါဟာ သူအသက်ဆက်ရှင်သန်နိုင်မဲ့ တစ်ခုတည်းသောနည်းလမ်းပဲဖြစ်၏။

ကံကောင်းထောက်မစွာပင် ဤကလေးငယ်လေးသည် လုံလုံလောက်လောက်တောင့်ခံနိုင်ခဲ့၏။ အကြိမ်ကြိမ်လက်လွှတ်ပေးလိုက်ရတော့မလို ဖြစ်ခဲ့သော်ငြား အဆုံးစွန်ဆုံးထိ အသက်ရှုသံမျှင်းမျှင်းလေးကြားရဖို့ငှာ ရုန်းကန်နေရရှာဆဲ။ ယခုမှာတော့ တဖြည်းဖြည်းနှင့် ပြန်လည်ကောင်းမွန်လာခဲ့ပြီ။

ကျူ့ယွင်ကျင်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး လက်မြှောက်ကာ ကလေးမျက်နှာလေးကို ပွတ်သပ်ရင်း သမားတော်ဖန်းအားမေးလိုက်သည်။

"သက်သာလာဖို့ ဘယ်လောက်ကြာဦးမှာလဲ?"

နောက်ဆုံးတစ်ချောင်းအပ်စ်ိုက်ပြီးနောက် သမားတော်ကြီးသည် နဖူးရှိချွေးစီးများကိုသုတ်လိုက်ကာ ကျူ့ယွင်ကျင်၏အမေးကို ပြန်ဖြေလိုက်သည်။

"ရက်နည်းနည်းလောက်ကြာမှ အပ်စိုက်တာကိုရပ်လို့ရနိုင်မှာပါ။ မင်းသားငယ်လေးက အသက်အန္တရာယ်မရှိတော့ဘူးဆိုပေမဲ့ ခန္ဓာကိုယ်ကအရမ်းအားနည်းနေတုန်းပဲ။ နောင်မှာ သာမန်လူတွေလို မဖြစ်မှာကိုပဲစိုးရိမ်မိပါတယ်......"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Unde poveștirile trăiesc. Descoperă acum