Chapter 40

993 117 19
                                    

Unicode

အခန်း {၄၀}

ရေမြေ့ရှင်ကိုကယ်တင်ရန် စစ်ချီခြင်း

လျန်ကျန်းသည်ကား ကန်းလင်နန်းတော်ကနေ တစ်ဖဝါးမှမခွာခဲ့။ နောက်ရက်ကြာတဲ့အထိ ဤမှာနေပြီး ကျူ့ယွင်ရွှမ်းကို ကာကွယ်စောင့်ရှောက်ပေးနေလေသည်။ ကျူ့ယွင်ရွှမ်းက သူ့အပေါ်မှာမျက်ကွယ်ပြုထားတယ်။ နှင်ထုတ်ခြင်းလည်းမရှိ။ သူမရှိနေသလိုပဲ။ နှစ်ဦးသားကြားက ထိုသို့ထူးဆန်းတဲ့ အနုစိတ်စိတ်ချိန်ခွင်လျှာကို ထိန်းထားရင်းနဲ့ ပဋိပက္ခမများဘဲ သဟဇာတဖြစ်အောင်နေဖို့ဆိုတာ ခက်ခဲလွန်းလှ၏။

ညသန်းခေါင်၌ ကျူ့ယွင်ရွှမ်း အိပ်မက်ကနေ လန့်နိုးလာပြီး စိတ်မကြည်စွာထထိုင်လိုက်၏။ မသိစိတ်က ရင်ဘတ်ကို အုပ်ထားလိုက်ကာ နှလုံးခုန်နှုန်းတွေမြန်နေတယ်ဟု ခံစားလိုက်ရသည်။ ညစောင့်ပေးနေသည့် ကောင်းအန်းသည်လည်း သူ့လှုပ်ရှားသံကိုကြားကာ နိုးလာပြီး အိပ်ဆောင်ထဲရှိ နန်းတော်မီးအိမ်တွေကို အမြန်ထွန်းညှိကာ သူ့ဘေးနားရောက်လာပြီး အသံတိုးတိုးဖြင့်မေးလာသည်။

"အရှင်မင်းကြီး အိပ်မက်ဆိုးတွေမက်လို့လားဘုရား? ဒီငယ်ကျွန်က အရှင့်အတွက် ရေနွေးသွားကျိုခိုင်းလိုက်ရမလားခင်ဗျ?"

ကျူ့ယွင်ရွှမ်း ရုတ်တရက်ဆိုသလို အိပ်မက်ထဲကမြင်ကွင်းကို ပြန်သတိရလိုက်သည်။ အိပ်မက်ထဲမှာ သူ့ဗိုက်ကအပေါက်ကြီးတစ်ပေါက်ပွင့်နေခဲ့ပြီး သွေးများတစ်ကိုယ်လုံးလွှမ်းနေသည့် ကလေးငယ်လေးက ထိုထဲမှတွားသွားထွက်လာကာ နာကျည်းမုန်းတီးမှု‌တွေနှင့် မရပ်မနားငိုကြွေးနေခဲ့သည်ကြည့်ရင်း မျက်လုံးအိမ်တွေနီရဲလာပြီး မျက်ရည်တို့ပင်ကျဆင်းခဲ့သည်။

တုန်ရီနေတဲ့လက်က ဖြည်းဖြည်းချင်းအောက်ရွေ့သွားကာ ဖောင်းဖောင်းလေးဖြစ်နေတဲ့ဝမ်းဗိုက်လေးထက် ကြင်နာစွာထွေးပိုက်လိုက်တော့ အတွင်းထဲက အသံသေးသေးလေးကို ခံစားမိလိုက်၏။ ကျူ့ယွင်ရွှမ်း မျက်လုံးများကိုမှိတ်ချလိုက်ကာ လက်ကိုပြန်ရုတ်လိုက်ပြီး ထပ်မထိရဲတော့ချေ။

"ဘယ်အချိန်ရှိပြီလဲ?"

"အာရုဏ်တက်ချိန်ပဲရှိပါသေးတယ်ဗျ။ စောသေးပါတယ်။ အရှင်မင်းကြီး တစ်ရေးလောက်ထပ်အိပ်လိုက်ပါဦးဘုရား။"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now