Chapter 18

1.2K 140 2
                                    

Unicode

အခန်း {၁၈}

အတိတ်ကဖြစ်ရပ်များ

ဆောင်းရာသီပွဲတော်အပြီး ရက်အနည်းငယ်အကြာတွင် ကျူ့ယွင်ရွှမ်း၏ မွေးနေ့ဖြစ်သည်။

ဧကရာဇ်သစ် ထီးနန်းတက်သည့်ပထမဆုံးနှစ်ဖြစ်သည်ကြောင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပဆင်နွှဲသင့်သည်။ သို့သော် ယခင်ဘုရင်နတ်ရွာစံတာ တစ်နှစ်မပြည့်သေးသည့်အတွက် ကျူ့ယွင်ရွှမ်းသည် ထုံးတမ်းအစဉ်လာဌာန၏ အဆိုပြုချက်အားလက်ခံကာ ရိုးရိုးရှင်းရှင်းနှင့်သာပြုလုပ်မည်။ တောင်ပိုင်းဆင်ခြေဖုံးရှိ ယွမ်ကျိဘုရားကျောင်းသို့ ကိုယ်တိုင်သွားရောက်ကာ ဝတ်ပြုအခမ်းအနား ပြုလုပ်မည်ဖြစ်သော်ငြား နှစ်များစွာက ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် မိဖုရားခေါင်ကြီးရှဲ့အတွက်သာဖြစ်သည်။

မိဖုရားခေါင်ကြီးရှဲ့သည် သူမ၏ ဒုတိယသားတော်ကျူ့ယွင်ရွှမ်းအား ခက်ခဲပင်ပန်းစွာဖွားမြင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့၏။ ကျူ့ယွင်ရွှမ်း၏ ‌မွေးနေ့ရက်သည် သူမ၏နှစ်ပတ်လည်နေ့ဖြစ်သည်။

ကျူ့ယွင်ရွှမ်းအတွက်တော့ ထိုတစ်ရက်ဟာဘယ်တုန်းကမှ နေ့ကောင်းရက်မြတ်မဟုတ်ခဲ့။ လူ့လောကကို ပထမဆုံးစရောက်ချိန်မှာပင် သူ့မှာမယ်တော်မရှိတော့‌ချေ။ ငယ်ငယ်တုန်းက သူ့နောက်ကွယ်မှာ လူတွေကထပ်တလဲလဲ ပြောဖူးကြတယ်။ သူဟာ မွေးမိခင်အားသတ်သည့် လူသတ်သမားဟုပင်။ တခါတရံ သူကိုယ်တိုင်က တကယ့်ကိုမူမမှန်တဲ့ လူယုတ်မာဟုပင်ခံစားခဲ့ရသည်။

မယ်တော်က အသေစောခဲ့ရတယ်။ ခမည်းတော်ကလည်း သဘောမကျခဲ့။ အစ်ကိုတော်ကလည်း အခက်အခဲနဲ့ကြုံတွေ့ခဲ့ရတယ်။ နောက်ဆုံးတော့ ကြီးမားလှတဲ့ သည်နန်းမြို့တော်ထဲမှာ သူတစ်ယောက်သာကျန်ခဲ့ပြီး အထီးကျန်စွာ ပေးဆပ်ခြင်းနဲ့ပေါ့။

အခုမယ်တော့်အတွက် လုပ်ပေးနိုင်တာကလည်း စိတ်ငြိမ်းချမ်းဖို့ပဲရှိတယ်။

ယွမ်ကျိဘုရားကျောင်း၏ ဘုန်းတော်ကြီးနှင့် မိဖုရားခေါင်ကြီးရှဲ့တို့သည် မိတ်ဆွေဟောင်းတွေပင်။ အစောပိုင်းနှစ်တွေအတွင်းက မိဖုရားခေါင်ကြီးရှဲ့သည် နှစ်တိုင်းဘုရားကျောင်းအတွင်း အမွှေးနံ့သာဆီအသပြာများစွာ လှူဒါန်းလေ့ရှိပြီး အမွှေးနံ့သာတိုင်များဖြင့် လူကိုယ်တိုင်လာရောက်ကာ ဗုဒ္ဓမြတ်စွာဘုရားအား ရှိခိုးဖူးမြော်လေ့ရှိသည်။ ဤဘုန်းတော်ကြီးနှင့်လည်း အလွန်ဆက်ဆံရေးကောင်းမွန်ကြသည်။ ထိုအကြောင်းတွေကို ကျူ့ယွင်ရွှမ်းသည် နောက်မှနန်းတော်ထဲရှိ မိဖုရားခေါင်ကြီးရှဲ့အားခစားဖူးသည့် နို့ထိန်းအမေအိုကြီးပြောမှသာ ကြားသိရဖူးသည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now