Chapter 13

1.2K 152 31
                                    

Unicode

အခန်း{၁၃}

အပြန်အလှန်ယစ်မူးခြင်း

ကန်းလင်နန်းတော်။

ကျူ့ယွင်ရွှမ်းသည် ရက်အတော်ကြာ နေမကောင်းဖြစ်နေခဲ့ပြီး စိတ်ဖိစီးနေခြင်းကြောင့် မျက်မှောင်တွေကြုတ် နေသည်အားကြည့်ကာ စိတ်တွေလေးလံသွားပြီး ကျမ်းဟွိုင်သည် အသံလျှော့ကာ လျှောက်တင်၏။

"အရှင်မင်းကြီး၊ အရှင့်ရဲ့နဂါးခန္ဓာကိုယ်က အရမ်းအရေးကြီးပါတယ်။ ဒီကိစ္စလေးအတွက်နဲ့ တစ်ချိန်လုံးစိုးရိမ်နေဖို့ မလိုပါဘူးခင်ဗျ။ အဲ့သည့်လူတွေကစိတ်နှစ်ခွနဲ့ဆိုတာကို အရှင်အစောကတည်းက သိထားပြီးသားပဲလေ။ ဘာလို့‌ဒေါသထွက်နေမှာလဲ။ ခဏလေးသည်းခံပြီး ဖြည်းဖြည်းချင်းအကွက်ချစီစဉ်တာက ရှေရှည်စီမံကိန်းပဲလေ။"

ကျူ့ယွင်ရွှမ်းသည် သက်ပြင်းချလိုက်ပြီး

"သူက အမြင့်ဆုံးဝန်ကြီးဌာနခြောက်ခုလုံးကိုတောင် ထိန်းချုပ်ထားလိမ့်မယ်လို့ ကိုယ်တော်မထင်ထားခဲ့မိဘူး။"

"သူတို့အားလုံးက လေဦးတည်ရာကိုကြည့်ပြီး ပဲ့ကိုင်တတ်တဲ့ မျက်နှာနှစ်ဖက်နဲ့သူတွေပါ။ ကျောင်းဝမ်ထံမှာပဲ အမှန်တကယ်လက်နက်ချမယ်လို့ မဆိုသာဘူးရယ်။ အရှင်မင်းကြီး အရမ်းကြီးစိုးရိမ်နေစရာမဟုတ်ပါဘူး။ မျက်စိရှေ့ကအခြေအနေအရ အရှင်မင်းကြီး ဒီဝန်ထုပ်ဝန်ပိုးကြီးကို တစ်လျှောက်လုံးထမ်းထားတာက နည်းလမ်းမဟုတ်ဘူးလို့ ကျွန်တော်မျိုးထင်ပါတယ်။ သူ့နောက်ကနေ အရင်လိုက်တာက ပိုကောင်းပါတယ်ဘုရား။"

"သူ့နောက်ကိုလိုက်ရမယ်?"

ကျမ်းဟွိုင်ကပြောလာ၏။

"ဟုတ်ပါတယ်ဗျ။ ကျောင်းဝမ်က ချုံကွမ်းရဲ့စစ်ဦးစီးချုပ်နေရာလိုချင်တယ်ဆို သူ့ကိုပေးလိုက်ပါ။ ဒါ့အပြင်အဲ့ဘက်ကိုသွားရင် အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ ကျောင်းဝမ်လည်း မဆုံးဖြတ်နိုင်တော့ဘူးလေ။ ချုံကွမ်းရဲ့ ဒုစစ်ဦးစီးချုပ်နှစ်ဦးလုံးက တင့်ယွမ်အမတ်မင်းရဲ့ လူယုံတော်တွေဖြစ်ပြီး အရှင်မင်းကြီးကိုလည်း သစ္စာစောင့်သိတယ်။ သူတို့ချုံကွမ်းမှာ နှစ်ပေါင်းများစွာ လုပ်ဆောင်‌လည်ပတ်နေမဲ့ စိတ်တစ်ခုတည်းပဲရှိတာ။ အဲ့သည့်လွတ်နေတဲ့နေရာကို အသစ်စေလွှတ်ခံရတဲ့ စစ်ဦးစီးချုပ်ဆိုရင်ရောဘယ်လိုလဲ။ အဲ့ဘက်ကကိစ္စတွေကို အရှင်မင်းကြီးသိပ်စိတ်ရှုပ်မခံပါနဲ့။ အရေးကြီးဆုံးအချက်က မြို့တော်ဖြစ်တဲ့ ဒီမှာပဲရယ်။ အဲ့သည့် ဒုစစ်ဦးစီးချုပ်ရွှီသာ သွားရင် ကျင်းနန်တပ်ရင်းရဲ့ နေရာကလစ်လပ်သွားမှာပဲ။"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Unde poveștirile trăiesc. Descoperă acum