Chapter 25

1.1K 145 8
                                    

Unicode

အခန်း {၂၅}

အရှက်မဲ့ခြင်း




ရက်အနည်းငယ်ကြာပြီးနောက်၌ ဌာနသုံးဌာန၏အရာရှိကြီးများသည် ပူးပေါင်းစုံစမ်းစစ်ဆေးမှုရလဒ်များအား တော်ဝင်တရားရုံးတော်သို့ တင်ပြခဲ့ကြသည်။ ဤအမှုတွင် စစ်ဆေးသူသုံးဦးအပါအဝင် အရာရှိစာမေးပွဲ၌ အလယ်အလတ်အဆင့်နှင့်‌ ဖြေဆိုအောင်မြင်သူ ရှစ်ယောက်ပါဝင်ပတ်သတ်နေပေသည်။

မသမာမှုနည်းလမ်းသည် လိမ္မာပါးနပ်ခြင်းအလျဉ်းမရှိ။ အဖြေလွှာစာရွက်များအား စစ်ဆေးသူသည်မြင်ကာ စစ်ဆေးရေးမှူးထံတင်ပြလေ၏။ စစ်ဆေးရေးမှူးသည် လာဘ်စားမှုရှိ မရှိကို ဆုံးဖြတ်ပေးရန်သာဖြစ်သော်ငြား တူညီသည့်မှတ်ချက်ကောင်းပေးမည်ဆိုပါက စာမေးပွဲဖြေဆိုသူတဝက်လောက်ကျော်အား မျက်နှာသာပေးလိုက်လို့ရပေသည်။

ထိုရှစ်ဦးသည် စာမေးပွဲပထမအဆင့်သို့ရောက်ရှိပြီး သဘာဝကျကျလာဘ်ပေးယူမှုရှိသည့် စစ်ဆေးသူတွေအားလည်း အာမခံချက်ပေးလို့ရပေမည်။ လက်ရှိတွင် နန်းတွင်းအရာရှိစာမေးပွဲဖြေဆိုသူ ငါးရာနီးပါးရှိသည်။ ဤရှစ်ဦး၏ ရောထွေးနေသည့်အဖြေလွှာစာရွက်များအား မျက်လုံးထဲတောင်မထည့်ကြ။ အကယ်၍ တော်ဝင်ကြီးကြပ်ရေး၏ စွဲချက်တင်ခြင်းသာမရှိပါက သူတို့သည် အမှန်တကယ်ပင် လိမ်မာပါးနပ်စွာ လိမ်လည်လှည့်ဖြားခဲ့ပေလိမ့်မည်။

ဤရှစ်ဦးအနက် သုံးဦးသည် မြို့တော်ထဲရှိ မျိုးရိုးမြင့်အသိုင်းအဝိုင်းမှမွေးဖွားပြီး ကျန်ငါးဦးသည် တောင်ပိုင်းရှိ ငွေကြေးချမ်းသာသည့်မိသားစုမှဖြစ်ကာ အင်မတန်ပင်ချမ်းသာကြွယ်ဝကြပေ၏။

တရားစီရင်ရေးရာဝန်မင်းက အစီရင်ခံတင်ပြလေသည်။

"သူတို့တင်ပြချက်ပါ ခွဲတမ်းတွေအရ ရွှေချောင်းဆယ့်ငါးချောင်း၊ ငွေချောင်းသုံးထောင်ကျော်၊ စစ်ဆေးသူသုံးဦးကို နှစ်ဆယ်ရာခိုင်နှုန်းဆီနှင့် ကျန်တဲ့လေးဆယ်ရာခိုင်နှုန်းပေးရတဲ့သူက.....စစ်ဆေးရေးမှူးချုပ် အကြီးအကဲယန်ဖြစ်ကြောင်းပါ။"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now