Chapter 3.1

2.2K 267 11
                                    

UNICODE

အခန်း{၃.၁}

ညမှောင်လာသည်နှင့်အမျှ အိပ်ဆောင်၏အတွင်းပိုင်းသည် ပို၍‌အေးစက်လာလေသည်။ တိတ်ဆိတ်ငြိမ်သက်လှသည့်အချိန်တွင် အမှောင်ထုထဲ၌ ဖယောင်းတိုင်မီးများ၏ တဖျပ်ဖျပ်တောက်နေသော မီးတောက်သံများသာရှိသည်။

နာကျင်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ဒေါသအမျက်ထွက်ခြင်းတို့ကို ကြုံတွေ့နေရသော ဧကရာဇ်ကျောင်းယန်ကိုကြည့်ရင်း လျန်ကျန်း သည်‌အေးစက်စွာလှောင်ရယ်ပြီး ...

"မယ်‌တော်ကြီးချင့်ဟွေ့ က ဧကရာဇ်က ကျုပ်အဖေရဲ့ ကိုယ်ဝန်လွယ်ထားရတယ်ဆိုတာကို သိတယ်လေ၊ ကျုပ်အဖေက တိုင်းပြည်ကိုပျက်စီး‌စေပြီး ပြည်သူတွေကို ဒုက္ခရောက်စေမယ်လို့ တထစ်ချကြီးယုံကြည်ထားတာ‌လေ။ သူ့ကိုသတ်လိုက်ရင် သူ(မ)နဲ့ခင်ဗျားရဲ့ သားအမိဆက်ဆံရေးကိုထိခိုက်မှာကိုလည်း ကြောက်တယ်၊ အဲ့အတွက်ကြောင့် ကျုပ်အဖေကို နန်းတော်အပြင်ဘက်မှာရှိတဲ့ ဘုရားကျောင်းတစ်ခုကို ပို့လိုက်တယ်၊ ကျုပ်အဖေက အဲ့ဒီဘုရား‌ကျောင်းမှာပဲ ကျုပ်ကိုတိတ်တိတ်ကလေးမွေးဖွားခဲ့တာပဲ။ ကျုပ်ကိုမွေးပြီးရက်ဘယ်လောက်မှတောင်မကြာသေးဘူး ခင်ဗျားရဲ့လူတွေကတွေ့သွားပြီး ကျုပ်အဖေကို နန်းတော်ကိုပြန်ခေါ်သွားခဲကြတာလေ....

ခင်ဗျားကလေးမွေးနေတာကို သူ့မျက်စိနဲ့ ကိုယ်တိုင်ကြည့်ခိုင်းပြီး သူ့ရဲ့စိတ်ကို‌လွှမ်းမိုးချင်ခဲ့တာ..သနားစရာပဲဗျာ သူကတုန်တောင်မတုန်လှုပ်ခဲ့ဖူးလေ၊ ခင်ဗျားကလေးမွေးပြီးလို့ သတိလစ်နေတဲ့အချိန် ခင်ဗျားရဲ့မိဖုရား‌ရောက်လာတယ်၊ သူ(မ)က အဲ့သည့်က‌လေးက သူ့သားရဲ့အိမ်ရှေ့စံနေရာကိုလုယူမှာကို ကြောက်တယ်လေ၊ ကျုပ်အဖေကို အဲ့သည့်ကလေးကိုပါ အတူတူခေါ်သွားခိုင်းခဲ့တာ၊ ကျုပ်အဖေ ဘုရားကျောင်းကို ရောက်တုန်းရှိသေးတယ် အဲ့မိဖုရားရဲ့ အစ်ကိုတော်ရှဲ့ချုံမင် ကသူ့လူတွေကိုခေါ်လာပြီး သတ်ပစ်ဖို့ရောက်လာတာပဲ"

ဧကရာဇ်ကျောင်းယန်သည် သူ၏အံသွားများကို တင်းတင်းကြပ်ကြပ် ကြိတ်လိုက်ပြီးသူ၏အမူအရာသည် ရက်စက်ကြမ်းကြုတ်သောအသွင်သို့ ကူးပြောင်းသွားသည်။ လျန်ကျန်း သည်၎င်းအပေါ် လျစ်လျူရှုကာ ဆက်ပြော၏။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now