Chapter 47

1K 159 14
                                    

Unicode

အခန်း {၄၇}

နှုတ်ဆက်ခွဲခွာခြင်း

နှစ်လပိုင်းလလယ်၌ ကျူ့ယွင်ကျင်နှင့် ဟယ့်ဟွိုင်လင်တို့သည် ကျူ့ယွင်ရွှမ်းအား နှုတ်ဆက်ပြီး ကလေးသုံးယောက်ကို ခေါ်ကာ တောင်ပိုင်းသို့ အပြန်ခရီးစတင်ခဲ့သည်။

ကျူ့ယွင်ရွှမ်းဟာ မီးဖွားပြီးပြီဖြစ်ရာ မင်းသားလေး၏ ကျန်းမားရေးသည်လည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်၏။ သို့သော် အလုံးစုံကောင်းမွန်လာဖို့ရာ ရေရှည်ပြုစုစောင့်ရှောက်မှုတွေ လိုအပ်လေသည်။ ကျူ့ယွင်ကျင်သည် သူ့အား ရှင်းကျန်းရှိ နာမည်ကြီးသမားတော်များကို ရှာဖွေဖို့ ခေါ်သွားတော့မှာပင်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကတော့ ကလေးရဲ့ကံကြမ္မာပေါ် မူတည်နေ၏။

နန်းမြို့တော်မှ ထွက်ခွာသည့်နေ့က ကျူ့ယွင်ရွှမ်းသည် ရုပ်ဖျက်ကာ သူတို့အား လိုက်ပါပို့ဆောင်ခဲ့သည်။ ရာသီဥတုအေးနေဆဲဖြစ်ပြီး ကလေးတွေက နို့ထိန်းအမေနှင့်အတူ လှည်း‌ထဲတွင်ရှိနေ၏။ ကျူ့ယွင်ကျင်သည် လှည်းပေါ်မှဆင်းလာပြီး ကျူ့ယွင်ရွှမ်းအား နောက်ဆုံးနှုတ်ဆက်စကားဆို‌ခဲ့သည်။ ညီအစ်ကိုနှစ်ယောက်လုံး ပြောစရာစကားမဲ့နေကြ‌ရာ နောက်ဆုံးအကြိမ်နှုတ်ဆက်ခြင်းဖြစ်ပြီး မည်သည့်အချိန်မှ ပြန်ဆုံကြမလဲဆိုတာ အတပ်မသိနိုင်။

အချိန်အတန်ကြာပြီးနောက် ကျူ့ယွင်ကျင်က လက်‌မြှောက်ကာ ကျူ့ယွင်ရွှမ်းပုခုံးထက် အသာပုတ်လိုက်ပြီး ပြောလာသည်။

"ဒီနေ့ကစပြီး မင်းဟာ ဒီလောကကြီးရဲ့ စစ်မှန်တဲ့ အရှင်သခင်ပဲ။ အစွမ်းကုန်အုပ်စိုးပေတော့။"

ကျူ့ယွင်ရွှမ်း ခေါင်းတဆက်ဆက်ငြိမ့်ကာ....

"အစ်ကိုတော်......မင်းကိုယ်မင်း ဂရုစိုက်ပါ။ နှစ်နည်းနည်းလောက်ပဲစောင့်‌ပေး ကျွန်တော် တင့်မြို့စားကို မြို့တော်ကိုပြန်ဆင့်ခေါ်ပေးမယ်။"

ကျူ့ယွင်ကျင် သာမန်ကာလျှံကာရယ်လိုက်သည်။

"တောင်ပိုင်းက ပင်လယ်ဓားပြတွေကိုတောင် မဖယ်ရှားရသေးတာ။ ဘာတွေလောနေတာတုန်း။ ငါအပြင်မှာနေရတာ အရမ်းကြိုက်တယ်။ အများကြီးလွတ်လပ်တယ်ကွ။"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Onde as histórias ganham vida. Descobre agora