Chapter 42

1.1K 128 21
                                    

Unicode

အခန်း {၄၁}

နောက်ဆုံးရွေးချယ်မှု

ရောင်နီဦးအချိန် နာရီ၏လေးပုံတစ်ပုံ။

တော်ဝင်သက်တော်စောင့်တပ်မှူးသည် ချွေးဒီးဒီးကျကာ ပင်မနန်းဆောင်ထဲသို့ ‌အလျင်စလိုပြေးဝင်လာလေ၏။

သောကမီးဝေနေကာ....

"ဝမ်ရယ်! အရှေ့တံခါးစောင့် စစ်သူကြီးရွှီဖန်းရှစ်က မြို့တံခါးကိုဖွင့်ပေးပြီး တောင်ပိုင်းတပ်ရင်းက သူပုန်တပ်တွေကို မြို့တော်ထဲကို သွင်းလိုက်ပါပြီ။ အရှေ့တံခါးစောင့်စစ်သည်တွေလည်းသစ္စာဖောက်ပြီး သူပုန်တပ်တွေဘက်ပါသွားကြောင်းပါ။ သူတို့ မြို့တော်ထဲဝင်လာတဲ့ တစ်လမ်းလုံးတိုက်ခိုက်လာကြပြီး အခုချိန်မှာ နန်းတော်ဘက်ကို ဦးတည်လာပါပြီ!"

လျန်ကျန်းသည် ‌ခေါင်းစောင်းလိုက်ပြီး သလွန်တော်ထက် တင်ပျဉ်ခွေထိုင်ကာ အေးရာအေးကြောင်း စစ်တုရင်ကစားနေသည့် ကျူ့ယွင်ရွှမ်းကို တစ်ချက်ကြည့်လိုက်သည်။ တခဏအကြာမှာ ခပ်ပေါ့ပေါ့ပြောလာ၏။

"အပြင်ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ?"

"လမ်းတွေပေါ်မှာ သူပုန်တပ်တွေချည်းပါပဲ။ ကျင်းဝေ့တပ်နဲ့ တိုက်ခိုက်နေကြတုန်းဖြစ်ပြီး ကျင်းဝေ့တပ်ရဲ့ဒုတပ်မှူးကျိုးက သူတို့ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ ပြော.....ပြောပါတယ်။"

"ဟုတ်လား?"

လျန်ကျန်း၏ အမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ရာ လွန်ခဲ့‌တဲ့တစ်နာရီကတောင် ဒုတပ်မှူးကျိုးသည် သူ့အမိန့်အားနာခံကာ သူပုန်တပ်တွေကို သွားရောက်နှိမ်နင်းရန် နန်းတော်မှထွက်သွားခဲ့ခြင်း‌ပေ။

"ဝမ်ရယ်၊ ဒီငယ်သား အခုဘယ်လိုလုပ်လိုက်ရ...."

အပြင်ဘက်မှပျံ့လွင့်လာတဲ့ ငြာသံပေးသည့်အသံကို ခပ်ယဲ့ယဲ့ကြားလိုက်ရလျှင် လျန်ကျန်း ခဏမျှအံ့အားသင့်သွားကာ ခေါင်းကိုအသာယမ်းလိုက်သည်။

"သဘောပါ။ မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချလိုက်။ မင်း တောင့်မထားနိုင်တော့ဘူးလို့ ထင်ရင် နန်းတော်တံခါးကို ဖွင့်လိုက်တော့။"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now