Chapter 49

936 144 27
                                    

Unicode

အခန်း {၄၉}

မွေးနေ့ပဏ္ဏာ


ကျင်ရွေ့ ပဉ္စမနှစ်၊ ဆောင်းရာသီ။

နနက်ခင်း ညီလာခံ၌ မှူးကြီးမတ်ရာများမှာ မထူးမခြားနားပင် မိဖုရားတင်မြှောက်ဖို့ကိစ္စ တိုက်တွန်းကြပြန်သည်။ ကျူ့ယွင်ရွှမ်းသည် ထိုလူများ၏ လှိုက်လှိုက်လှဲလှဲအစီရင်ခံတင်ပြမှုများကို မထုံတထေးနှင့် နားထောင်ပြီးနောက် ညီလာခံသိမ်းမည်ဖြစ်ကြောင်း မိန့်ကြားလိုက်လေသည်။

ဝန်မင်းများသည် မြေပြင်ပေါ်ဒူးထောက်နေကြကာ ထဖို့ရာဆန္ဒမရှိသော်ငြား ရာဇပလ္လင်ထက်က ဘုရင်မင်းမြတ်မှာမူ ထသွားပြီဖြစ်သည်။

သုံးနှစ်အတွင်းမှာ ကျူ့ယွင်ရွှမ်းဟာ တဖြည်းဖြည်းနှင့် ရာဇမာန်ပြင်းပြီး ဩဇာတိက္ကမကြီးမားသော ရှင်ဘုရင်တစ်ပါးနှင့် ပိုပိုတူလာလေပြီ။ ဟိုးယခင်က သူဟာ ဤထီးနန်းကို ဆုပ်ကိုင်ဖို့ရာပျော့ညံ့လွန်းသည်ဟု လျန်ကျန်းက ပြောခဲ့ဖူးသည်။ အခုချိန်မှာ သူ ဘယ်သူ့ကိုမှ မှီခိုအားကိုးနေစရာမလိုတော့ဘူး။ နောက်ဆုံးကုန်ကုန် ထီးနန်းပလ္လင်ကိုလည်း မြဲအောင်ထိုင်နိုင်နေပြီလေ။

လျန်ကျန်း မှားတယ်။ သူသာမရှိလျှင် သူဟာရှင်သန်န်ိုင်မှာမဟုတ်ဘူးဆိုပြီး သူ့ကို အရမ်းလျှော့တွက်ခဲ့တာ။

ယခု‌အခါ လောကကြီးဟာ အေးချမ်းနေပြီး ရံဖန်ရံခါ ကျူးကျော်ဝင်ရောက်လာတဲ့ တောင်ပိုင်းမှ ပင်လယ်ဓားပြရန်ကလွဲလို့ပေါ့။ ရာသီဥတုတွေသာယာပြီး လောကတစ်ခွင် ငြိမ်းချမ်းနေသည်ဟု ယူဆလို့ရသည်။ တရားရုံးတော်၏ အရပ်ဘက်၊ စစ်ဘက်အရာရှိများနှင့် တိုင်းသူပြည်သားတွေအားလုံး စိတ်ပူနေတဲ့ကိစ္စမှာ အလယ်နန်းဆောင်မှာမိဖုရား လစ်လပ်နေတာပင်။

မိဖုရား‌မြှောက်ခြင်း အကြောင်းကိစ္စဟာ ဘုရင်မင်းမြတ်နှင့် ဝန်မင်းများကြား သဘောထားကွဲလွဲမှုတွေ တစ်စတစ်စပြင်းထန်လာသောကြောင့် ကျူ့ယွင်ရွှမ်းသည် အမျိုးမျိုးသောဆင်ခြေများဖြင့် မလိမ့်တပတ်လုပ်ထားခဲ့၏။ ပြီးခဲ့တဲ့နှစ်ကစလို့ ဆင်ခြေရှာလို့မရတော့ချေ။ မိဖုရား မောင်းမကိုယ်လုပ်တော်တင်မြှောက်ဖို့ တောင်းဆိုကြသည့် လူတိုင်း၏အသနားခံလွှာများမှာ ညီလာခံထက်၌ ပယ်ချခြင်းခံရလေသည်။ ဝန်မင်းများမှာ ဒူးထောက်အသနားခံတာပဲဖြစ်ဖြစ် အသက်ပင်သေသေဟု ခြိမ်းခြောက်စေကာမူ အဖက်ပင်အလုပ်မခံရပါချေ။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now