Chapter 12

1.3K 153 32
                                    

Unicode

အခန်း{၁၂}

သဘောထားကွဲလွဲမှုအားသွေးထိုးလှုံ့ဆော်ခြင်း


ရွှမ်းသယ်နန်းတော်၊ နန်းတွင်းညီလာခံ။

အစကနေ ယခုအချိန်ထိ ကျူ့ယွင်ရွှမ်းသည် လျန်ကျန်းနှင့် ကျမ်းဟွိုင်တို့ ချုံကွမ်း၏ စစ်ဦးစီးချုပ်အသစ် ခန့်အပ်ရွေးချယ်မည့်သူအကြောင်း နှစ်ယောက်သားသည် မနေ့ကအခြေအနေအား နောက်ကြောင်းပြန်ကာ နာရီဝက်ကြာအောင် စကားစစ်ခင်းနေကြသည်ကိုသာ နားထောင်နေခဲ့၏။ ကျမ်းဟွိုင်သည် မျက်နှာတစ်ခုလုံးနီရဲနေပြီး ပြောလေလေ ပိုပြီးစိတ်လှုပ်ရှားလာလေပင်။ လျန်ကျန်း၏ မျက်နှာသည် လေပြေလေညင်းနှင့် တိမ်တိုက်ကဲ့သို့ ပေါ့ပါးနေလေသည်။ တစ်ဖက်ကသူက စကားသုံးခွန်းပြောပေမဲ့လို့ သူသည်တစ်ခွန်းသာပြန်ဖြေသော်ငြား တစ်ခွန်းစီတိုင်းသည် ဓားသွားနှယ်။ ထိုဝန်ကြီးချုပ်အသစ်အား မျက်နှာသာလုံးဝမပေးချေ။

ယန်ရှစ်ရွှယ်သည် ကျမ်းဟွိုင်၏နောက်ကနေ သံယောင်လိုက်ကာကူပြောပေးလေ၏။ ဝန်ကြီးအဖွဲ့က အကြီးအကဲနှစ်ယောက်ပေါင်းတာတောင်မှ လျှာဇောင်းထက်ပြီး မျက်နှာအရည်ထူတဲ့လျန်ကျန်းကြောင့် ဆွံ့အကုန်ကြပြီး တစ်ယောက်ချင်းစီတိုင်း ဒေါသထိန်းမနိုင်ကြ‌တော့။

ဘေးကနေ အရံသင့်ပွဲကြည့်ပရိတ်သတ်လုပ်နေသည့်လူများပင် တစ်ယောက်မှအသံမထွက်ရဲကြ။ ကျူ့ယွင်ရွှမ်း၏ မျက်ခုံးများသည် တစ်ဖြည်းဖြည်းမှုန်ကုပ်လာပြီး မျက်လုံးအကြည့်များသည် လူအုပ်ကိုတဖြည်းဖြည်းဖြတ်သွားပြီး လျန်ကျန်းအပေါ်သို့ သက်ဆင်းသွားသည်။ ညီလာခံခန်းမအတွင်းရှိ အဆုံးမရှိအငြင်းပွားမှုအား ဖြတ်တောက်လိုက်၏။

"မဆုံးဖြတ်ရသေးဘူးဆိုမှတော့ စစ်ဘက်ရေးရာဝန်ကြီးဌာနနဲ့ ရာထူးခန့်အပ်ရေးဝန်ကြီးဌာနတို့ကိုပဲ အတူတကွအကြံပြု ရွေးချယ်ခိုင်းကြတာပေါ့။ သဘောတူစိစစ်ပြီးတဲ့နောက် နာမည်စာရင်းတင်သွင်းပြီးမှ ကိုယ်တော်ထပ်ပြီးဆုံးဖြတ်ချက်ချမယ်။"

စစ်ဘက်ရေးရာဝန်ကြီးနှင့် ရာထူးခန့်အပ်ရေးဝန်ကြီးတို့သည် အလျင်အမြန်ရှေ့ထွက်လာကြပြီး အမိန့်အားလေးစားစွာဖြင့် လက်ခံလိုက်ကြသည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now