Chapter 4

2K 225 2
                                    

Unicode

အခန်း{၄}

ထီးနန်းအရှုပ်‌အထွေး

ညအချိန်သည် မည်းမှောင်နေလွန်းသဖြင့် အလင်းရောင်ကိုပင် ကောင်းစွာမမြင်ရချေ။ အာရုံမတက်ခင်အချိန်သည် အမှောင်ဆုံးအချိန်ဖြစ်လေ၏။ ယွင်ပန်*၏ ရုတ်တရက် အသံသည် အနက်ရောင်မြူခိုးများ ဖြတ်သွားကာ နန်းမြို့တော် တစ်မြို့လုံးကို အချိန်အတော်ကြာအောင်ဖြန့်ကျက်နေ၏။

ဧကရာဇ်မင်းသည် ကောင်းကင်ဘုံသို့ နတ်ရွာစံတော်မူပြီ။

ရာနှင့်ချီသော မိန်းမစိုးများသည် နန်းတော်တံခါးအပြင်ဘက်တွင် ဒူးထောက်ကာ မြေပြင်ပေါ်တွင် ဝပ်လျက် ကျယ်လောင်စွာ ငိုကြွေးကြနေသည်။

ကန်းလင်နန်းတော်အတွင်း၊ ပထမအဆင့်အမတ်ကျန်းနျန်လင်သည် တော်ဝင်အမိန့်တော်ပါရှိသော ပိုးချည်သေတ္တာကို တုန်လှုပ်နေသောလက်ဖြင့် ထုတ်ပြပြီး လူအုပ်ကြီး၏ မရေတွက်နိုင်သော မျက်လုံးအစုံ၏အကြည့်များအောက်တွင် ဖြည်းညှင်းစွာဖွင့်လိုက်သည်။

ငို‌ကြွေးခြင်းကြောင့် သတိလစ်လွတ်လုနီးပါးဖြစ်နေသော ချန်ကွေ့ဖေးသည် သူမ၏မျက်နှာကိုဖုံးရန် လက်ကိုင်ပုဝါကို ဆန့်ထုတ်လိုက်ပြီး ငိုသံများတိတ်ဆိတ်သွားကာ သူမ၏တောက်ပသောအကြည့်များက ကျန်းနျန်လင် ၏လှုပ်ရှားမှုတိုင်းကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေ၏။

ကျူ့ယွင်ရွှမ်းသည် သူ့မျက်လုံးထောင့်များ တဖြည်းဖြည်းနီရဲလာသဖြင့် အောက်ကိုသာငုံ့ကြည့်လိုက်သည်။ သူ၏ တင်းမာသော အမူအရာမှာ အထူးပင်လေးနက်နေပုံပေါ်သော်လည်း သူ့လက်များကို ဝတ်ရုံအောက်ရှိ လက်သီးများကိုတင်းကြပ်နေအောင် ဆုပ်ကိုင်ထားသည်။

ကျန်းနျန်လင်သည် ဘုရင့်အမိန့်တော်ကို ဖြည်းညှင်းစွာဖွင့်ပြီး လေးနက်သောလေသံဖြင့် ရွတ်ဆိုပြ၏။

"ငါကိုယ်တော်ဟာ သစ္စာရှိခြင်းနှင့်အတူ ဒီနိုင်ငံကြီးကို ငါကိုယ်တော့်ဘိုးဘေးတွေရဲ့ အမွေကို နှစ်ဆယ့်သုံးနှစ်ကြာအောင်ဆက်ခံခဲ့တယ်။ ဤနိုင်ငံကို နေ့ရောညပါ အေးချမ်းသာယာစိုပြေပြီး စည်းစနစ်တကျနဲ့တိုးတက်စေခဲ့တယ်။ မထင်မှတ်ထားတဲ့ အရာတစ်ခု ဖြစ်ပေါ်လာမှာကို ငါကိုယ်တော်ကြောက်ရွံ့မိတယ်....နဝမမြောက်သားတော်ယွင်ချုံ ....... ထူးချွန်ထက်မြက်တဲ့ အရည်အချင်းရှိပြီး ကောင်းကင်ဘုံက ပေးအပ်ထားတဲ့ ကြီးမြတ်သည့်ဆုလာဘ်က ဘုရင်မင်းမြတ်ဖြစ်ဖို့ အသင့်တော်ဆုံးဖြစ်တယ်။ သို့‌ပေမဲ့လို့ သူသည် ငယ်ရွယ်သေးတာကြောင့် စာသင်ကြားခြင်းကိုသာ အာရုံစိုက်သင့်တယ်။ ကျောင်းဝမ် ရင့်ကျက်ပြီး သတ်မှတ်စံနှုန်းထက်ကို ကျော်လွန်ပြီး လိမ္မာပါးနပ်တယ်၊ ရင်ဝယ်ပိုက်အစိုးရအဖြစ်အုပ်ချုပ်စေပြီး၊ ဤနိုင်ငံရဲ့အုပ်ချုပ်မှုဖြစ်တဲ့ စစ်မက်ရေးရာ နိုင်ငံရေးတွေကို ထိန်းကျောင်းတည့်မတ်ပေးပြီး တိုင်းတစ်ပါးကရော သည်နိုင်ငံတော်ကပြည်သူတွေပါ သိအောင် လုပ်ပြမယ်ဆိုရင်တော့ လူတိုင်းက ငါကိုယ်‌တော်ရဲ့ ရည်ရွယ်ချက်ကို သိနိုင်လိမ့်မယ်........"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now