Chapter 26

1K 124 10
                                    

Unicode

အခန်း {၂၆}

မရိုးဖြောင့်ခြင်း



လေးလပိုင်း နွေရာသီအစောပိုင်းကာလ။

နန်းတွင်းစာမေးပွဲစစ်ဆေးပြီးနောက် ကျင့်ရှစ်* အဖြစ်ချက်ချင်း ရာထူးတက်ကြလေ၏။ နန်းတွင်းအရာရှိစာမေးပွဲ လိမ်လည်မှုဂယက်သည် နောက်ဆုံး၌ပြေလည်သွားပြီပင်။ မိဖုရားမြှောက်ခြင်းကိစ္စသည် ညီလာခံထက် စိတ်ဝင်စားမှုအခံရဆုံး ထိပ်တန်းဦးစားပေးဖြစ်လာခဲ့သည်။ သို့သော် ကျူ့ယွင်ရွှမ်းသည် ယင်းအပေါ် တစ်လျှောက်လုံးမပြတ်မသားဖြင့်သာ။ အတိအလင်းဖော်ပြထားခြင်းမရှိသလို တော်ဝင်ကိုယ်လုပ်တော်တွေဆိုတာ စကားထဲထည့်မဆိုနှင့်ဦး နန်းတော်အခြေအနေတစ်ခုလုံးကိုစီမံမည့် မိဖုရားကြီးတောင်မရှိပါချေ။ ဘေးလူတွေ အစိုးရိမ်လွန်နေလည်းအသုံးမဝင်ပေ။

ဘုရင်မင်းမြတ်အသစ်သည် ယခုအသက်နှစ်ဆယ့်တစ်နှစ်ရှိပြီပင်။ မိဖုရားခေါင် မိဖုရားငယ်မပြောနှင့် ကန်းလင်နန်းတော်အတွင်း အနီးကပ်နန်းတွင်းသူအစေခံတွေတောင်မရှိ။ မလွှဲသာမရှောင်သာတွေနှင့် နှလုံးသားကတုံ့ဆိုင်းနေခြင်း။

ယခင်ဧကရာဇ်သည် အတိတ်က ဤကိစ္စကို သိပ်ဂရုမစိုက်ခဲ့။ လက်ထပ်ထိမ်းမြားခြင်းမှတပါး အခြားမည်သူမှ ဘုရင်မင်းမြတ်အားထောက်ပံ့မပေးခဲ့ပါ‌ချေ။ ယခုဘုရင်တစ်ပါးဖြစ်လာခဲ့ပေမဲ့ မှီခိုအားထားရာ တစ်ဦးတစ်ယောက်မှမရှိတာကလည်း တကယ်ကိုရက်စက်ရာမကျပေဘူးလား။ အရေးကြီးဆုံးဖြစ်တဲ့ ဆက်ခံမဲ့မျိုးဆက်မရှိတာက တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်စေတာပဲ!

ဝန်မင်းများ၏အတွေးအမြင်တွေ ဘယ်လိုပဲဖြစ်နေပါစေ အရှေ့နန်းဆောင်(အိမ်ရှေ့စံ)နေရာကို ငေးမြော်ကြည့်နေသူ အနည်းငယ်မျှမရှိနေ။ နောင်တက်မဲ့ဘုရင်ကို ကိုယ့်အိမ်တော်ကသမီးတွေရဲ့ဝမ်းမှ ဖွားမြင်လာနိုင်ဖို့ ဘယ်သူကများမမျှော်လင့်ရှိမလဲ။ မိသားစုအတွက် အကျိုးအမြတ်ကောင်းတွေရနိုင်ဖို့လား? ကျူ့ယွင်ရွှမ်းသည် ငြင်းဆန်ခဲ့သူတွေနှင့် ထိပ်တိုက်တွေ့ပြီးနောက် လူတိုင်းသည် ကျမ်းဟွိုင်အား တညီတညွတ်တည်းတွန်းထုတ်ခဲ့ကြသည်။ အနှီလူအိုကြီးများအား ဘုရင်မင်းမြတ်သည်လျို့ဝှက်ထောက်လှမ်းခဲ့ပြီး ဘာကိုရည်ရွယ်ခြင်းဆိုတာ သေချာအောင်ရှာကြည့်ခဲ့သည်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now