Chapter 11

1.3K 165 13
                                    

Unicode

အခန်း{၁၁}

ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ

ကျင်ရွေ့ပထမဆုံးနှစ် ပထမလတွင်ဖြစ်သည်။ ဘုရင်မင်းမြတ်အသစ်သည် အိမ်ရှေ့စံ၏ဆရာကျမ်းဟွိုင်နှင့် ရိက္ခာရေးရာဝန်ကြီးယန်ရှစ်ရွှယ်တို့သည် ဝန်ကြီးများအဖွဲ့သို့ဝင်ရောက်ပြီး ကျမ်းဟွိုင်အားဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ရန် အမိန့်တော်ချမှတ်လိုက်လေသည်။

လျန်ကျန်းသည် ထိုအသက်ခုနစ်ဆယ်ကျော် ဝန်ကြီးချုပ်အသစ်အား ပထမဆုံးအကြိမ်မြင်ဖူးသည်မှာ ကန်းလင်နန်းတော်ရှိ စာဖတ်ခန်းအတွင်း၌ဖြစ်သည်။ လျန်ကျန်းသည် သူ၏အပြုံးမပျက်လေးနက်သည့် အမူအယာအားတွေ့လိုက်ရ၏။ လျန်ကျန်း၏စိတ်ထဲ၌ သက်ပြင်းမချဘဲမနေနိုင်။

ဧကရာဇ်ငယ်လေးကတော့လေ နန်းတက်တဲ့ အချိန်ကစပြီးတဲ့နောက်မှာ ပိုပိုပြီးသတိကြီးလာတာပဲ။ အခုလည်းလာပြီး ‌‌ရှေးရိုးဆန်တဲ့လူဘေးနားကနေပြီး မျက်နှာချင်းဆိုင် ဆုံးမသွန်သင်ရုံတင်မကဘူး တရားပါဟောသွားလိုက်သေးတယ်ကွာ။ ပိုပြီးကြောက်တာက မကြာခဏကြားရမြင်နေရတဲ့အရာတွေရဲ့ လွှမ်းမိုးခံလိုက်ရပြီး တံငါအနားနီးတံငါ မုဆိုးအနားနီးမုဆိုးဖြစ်သွားမှာကိုပဲ။

ကျူ့ယွင်ရွှမ်းနှင့် ကျမ်းဟွိုင်တို့သည် အကြောင်းအရာများ တိုင်ပင်ဆွေးနွေးနေကြတုန်း လျန်ကျန်းသည်ဖိတ်ခေါ်ထားခြင်းမရှိ ရောက်ချလာပြီး ဘေးနားမှနေနားစွင့်ကာ နားထောင်နေ၏။ အဲ့သည့် တင့်ယွမ်အမတ်မင်းကတော်ကို နိုင်ငံ့မြို့စားတစ်‌ယောက်အဖြစ်ထိအပ်နှင်းရန် အမိန့်တော်ချမှတ် အစီစဉ်ဆွဲနေမှန်း သိတော့သည်။

ခဏတာနားထောင်ပြီးနောက် အထီးကျန်မနေချင်စွာပြောလာ၏။

"တင့်ယွမ်အမတ်မင်းက တိုက်ပွဲတွေအလီလီ မရေတွက်နိုင်အောင် ဆင်နွှဲပြီးမှ အမတ်မင်းဆိုတဲ့နေရာတစ်နေရာကိုရလာတာ။ အခုတော့ အရှင်မင်းကြီးက စုတ်တံကြီးကြီးကိုတချက်ခြစ်ချလိုက်ရုံနဲ့ သူ့ရဲ့ဇနီးသည်ကို မြို့စားနေရာပေးလိုက်ချင်တာလား?"

ကျူ့ယွင်ရွှမ်းသည် ဘာသိဘာသာရှင်းပြလိုက်၏။

"အမတ်မင်းကတော်က အဲ့သည့်နှစ်တွေတုန်းက ချုံကွမ်းကိုကာကွယ် စောင့်ရှောက်ခဲ့ပြီး ကူညီထောက်ပံ့မှုတွေလည်းရှိခဲ့တာပဲလေ။ ထောက်ပံ့မှု‌တွေအတွက် ဆုတော်လာဘ်တော်တွေတောင်မှချီးမြှင့်သင့်တယ်။"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now